Monday, December 1, 2008

2008 X'Mas






ဒါ ဧည့်ခန်းထဲက Christmas tree ပါ။ သူ့ကို ၂၀၀၁ ကတည်းက ဝယ်ထားတာ။ သမီးလေး Angel တောင် မမွေးသေးပါဘူး။ ပထမဦးဆုံး christmas tree မို့လို့ အခု ထက်ထိတိုင် သိမ်းဆည်းထားပါတယ်။







နောက်ထပ်တစ်ခု သမီး Angel ပေးထားတဲ့ christmas tree (2006) ... သစ်ပင်အောက်ကတော့ senter claus ရဲ့ ရထားလေး။ မီးသီးလေးတွေကတော့ အဖြူရောင်ဆင်ထားတယ်။ Angel toy ကြိုးလေးတွေလည်း သစ်ပင်မှာ ရစ်ပတ်ဆွဲထားတဲ့အတွက် ညဆိုရင် မီးထွန်းလိုက်တဲ့ အခါမှာ လင်းလင်းလက်လက်နဲ့ အရမ်းကို လှပတဲ့ christmas tree ပါပဲ။





ဘုရားသခင်ပုံတော်ကို အလှဆင်ထားတာ။ candle ထွန်းတဲ့ christmas tree ပုံ နဲ့ santer claus ပုံ ... 
မီး အိမ်မှာ ကြိုးကို သွယ်တန်းထားတာ။ 
အလယ်ကတော့ snow man 2 ခု အိမ်ပုံစံလေး။ christmas decoration color က Red and Green ကို ကိုယ်စားပြုလို့ အကြိုက်ဆုံး chrismas home decoration ထဲမှာ အဲဒီ အရုပ်လည်းပါတယ်။




ဒါက ထမင်းစားခန်း Dinning room ဆိုပေမယ့် သမီးနဲ့ သား ရဲ့ အရုပ်တွေက ထားစရာ နေရာ မရှိလို့ ထမင်းစားခန်းမှာပဲ ထားလိုက်တော့တယ်။ ထမင်းစားပွဲကို ခလယ်မှာထားပီး ဘေး နှစ်ဖက်မှာ သပ်သပ်ရပ်ရပ်လေး ထားလိုက်တယ်။ ဘက်ထရီ မော်တော်ဆိုင်ကယ်၊ သုံးဘီး စက်ဘီး၊ ကား၊ မြင်း၊ တွန်းလှည်း၊ သားသားအိပ်တဲ့ လှည်း၊ သမီးထိုင်တဲ့ ပျော့ပျော့အိအိ ကုလားထိုင်၊ သံစဉ်တီးလုံးပါတဲ့ cow ပုံ အိမ်သာအိုး၊ baby walker (သားသားက ၉လနဲ့ လမ်းလျှောက်တတ်)တော့ အဲဒီဟာ က ချောင်ထိုးထားပေမယ့် သားသားက အဲဒီ ဂွေဝိုင်းက piano ကို သွားနှိပ်ပီး ဆော့ကစားတတ်တယ်။ christmas decoration က တော့ ရိုးရိုးလေးပဲ ဆင်ထားတယ်။






အခန်းတွေရဲ့အလယ် လျှောက်လမ်းမှာ အလှဆင်ထားတာ။ ဝင်ဝင်ခြင်း မှာ တွဲလောင်းကျနေတဲ့ ဖဲပြားနဲ့ ခြူးလုံးလေးတွေကတော့ ကိုယ့်ဘာသာ ကိုယ် လုပ်ထားတာ။ သွပ်နံကြိုး ပါးပါးလေးနဲ့ ချိတ်ဆွဲထားတာ။ christmas tree မှာ အလှဆင်တဲ့ ဖဲပြားနဲ့ ခြူးလုံးလေးတွေကို တွဲလောင်းလေးချပီး အလှဆင်ထားတာ။







မိသားစု ခရစ်စမတ်လက်ဆောင်များ ဖြစ်ပါတယ်။ Angel အတွက်၊ သားလေး Henry အတွက် နဲ့ မာမီ အတွက်ပေါ့။ 
  


  2008 X'mas Home Decoration picture

 

  2008 X'mas Present picture

 

  2008 X'mas Party picture

 
Related Posts Plugin for WordPress, Blogger...