Thursday, October 29, 2009




အချဉ် (သရက်သီးသနပ် နဲ့ ငပိကြော်)

ချဉ်ပေါင်ဟင်းရည်

orange juice


ဒန်ပေါက် တစ်ပွဲ ၁၅၀၀ ကျပ်၊ ငါးပွဲ ၀ယ်ရင် တစ်ပွဲ လက်ဆောင်ပေးတယ်။ အခုမှ ဆိုင်အသစ်ဖွင့်ခါစမို့ ဒန်ပေါက်ဝယ်ရင် လိမ္မော်ရည်လည်း တိုက်တယ်။ ချဉ်ပေါင်ဟင်းရည်၊ သရက်သီးသနပ်၊ ငပိကြော်ပါ ထည့်ပေးတယ်။ အိမ်နားက ၉၉၉ စားသောက်ဆိုင်ကပါ။ စားလို့ကောင်းပါတယ်။

Monday, October 26, 2009

ခေါက်မုန့်

လမ်းသရဲ ခေါက်မုန့်

သမီးကို ကျောင်းကြိုပီး အပြန် ၀ယ်လာသော ခေါက်မုန့်။ လမ်းသရဲ ခေါက်မုန့် က ၂၀၀ကျပ်။ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ပဲပြုတ်၊ မဆလာ၊ ဆား၊ ငရုတ်သီး ပါလို့ မာမီ အကြိုက်ဆုံး ခေါက်မုန့် အမျိုးအစား။


ကြက်ဥ ခေါက်မုန့်

ကြက်ဥ ခေါက်မုန့်၊ ထညက်ရည် မဆမ်းပဲ၊ သကြားဖြူးစားရင်တော့ ကြက်ဥ ခေါက်မုန့်က အ၀ါရောင်လေး။ သားက ထညက်ရည် ဆမ်းပီး ပဲ နဲ့ အုန်းသီး များများ။ ဘဘ အတွက်ကလည်း သားသား လိုမျိုး ကြက်ဥ ခေါက်မုန့်ပဲ။ တစ်ခုကို ၃၅၀ ကျပ်။


ခေါက်မုန့်

သမီးက ရိုးရိုး ခေါက်မုန့်။ ချိုပီး ကျွတ်နေတာကို သမီးက ပိုကြိုက်တတ်တယ်။ တစ်ခုကို ၁၅၀ ကျပ်။


ခေါက်ထားသော ခေါက်မုန့်

ကြံရည်

ကြံရည် တစ်ခွက်ကို ၂၅၀ ကျပ်။

Saturday, October 24, 2009

အချဉ်ထုပ်

ချဉ်ပေါင်ယို


ကတွတ်ယို


သရက်ပြင် အချို


သရက်ပြင်


မက်မန်းသီးချဉ်စပ်


ချဉ်ဖတ်တွေကို ကြည့်ပီး သရေတွေ ကျမိတယ်ဆိုတဲ့ သူငယ်ချင်းအတွက် အမှတ်တရ။


ချဉ်ပေါင်ယို = ၅၈၀ ကျပ်၊ ကတွတ်ယို = ၇၀၀ ကျပ်၊ ဆွေမျိုးမေ့ တံဆိပ် သရက်ပြင် အချို = ၁၀၀၀ ကျပ်၊ အစပ်လည်း ၁၀၀၀ ကျပ် ပဲ။ ရွှေမြို့တော်ကြီးမှာတော့ ဒါတွေပဲ ရှိလို့ ဒါတွေကိုပဲ စားဖြစ်ပါတယ်။ ယိုဗူးတွေက တစ်ဗူးကို 200g အလေးချိန်ရှိတယ်။ ဂျင်း၊ မက်မန်းသီး ချဉ်စပ်က တစ်ထုပ်ကို ၅၉၀ ကျပ်။


သူငယ်ချင်း ခပ်ဝေးဝေးကနေ ကြည့်နော်။ ကြည့်ရင်း သွားကြိမ်းလို့ သရေကျလာရင် တာဝန်မယူပါ။


ငယ်ငယ်တုန်းက ဇီးယိုထုပ်တွေကို ဇလုံမောက်မောက်ထဲ ဖောက်ထည့်ပီး ငံပြာရည်၊ ငရုတ်သီး အကျက်မှုန့်နဲ့ ဆီးသီးသုပ်စားခဲ့တာကိုကော မှတ်မိသေးလား သူငယ်ချင်း။



ကိုယ်တို့လည်း သူ့ကို လွမ်းတယ်။


Friday, October 23, 2009

ငါးပိရည်ချို

ခေတ်သစ် ငါးပိရည်ချိုအိုး


အိုး အဖုံးကို ဖွင့်ရင် လောက်သေရွှက်နဲ့ အုပ်ထားတာကို မြင်ရတယ်


လောက်သေရွက်


လောက်သေရွှက်အောက်မှာ ပလတ်စတစ်နဲ့ ထုပ်ထားသော ရေချိုငါးပိ


ငါးပိလိမ္မာချက်


သရက်သီးပိုးတီချဉ်


မန်းကျီးရွှက်နုချဉ်


တညင်းသီးဆားစိမ်


[gallery]


Queen Mommy ရဲ့ သူ လေ။ အွန်လိုင်း အိမ်နီးချင်း Queen Mommy အတွက် ငါးပိလိမ္မာချက်လေးပါ။


City Mart က နေ ခေတ်သစ် တံဆိပ် ရေချိုငါးပိရည်အိုးကို ၀ယ်ပါတယ်။ သန့်လည်း သန့်တယ်။ အထဲမှာ လောက်သေရွှက်ပါတော့ လောက်မပါတဲ့ ရေချိုငါးပိအိုးပါ။


ကြက်သွန်ဖြူ၊ နီ၊ ဆနွင်း ဆီသတ် ... ခရမ်းချဉ်သီး ကြေတဲ့အထိ မွှေပီး ပုဇွန်ခြောက်မှုန့်ထည့်၊ ဆနွင်းမှုန့် မွေးတဲ့အထိ ကျိုထားတဲ့ ရေချို ငါးပိရည်ထည့်၊ မန်းကျီးမှည့်ရည်ထည့်၊ ငရုတ်သီးအကျက်မှုန့် ထည့်ပီး ပွက်ပွက်ဆူလာရင် အချိုမှုန့်နဲ့ နံနံပင် အုပ်ပါတယ်။


ချဉ်ဖတ်တွေ ကြိုက်ရင် စားသွားပါအုံး Queen Mommy။ ဂေါ်ဖီရွှက်ပြုတ်၊ ရုံပတေသီးပြုတ်၊ သခွားသီး ကျွတ်ကျွတ်တို့ ကုန်နေလို့ သရက်သီးပိုးတီချဉ်၊ မန်ကျီးရွှက်နုချဉ်၊ ထညင်းသီးဆားဆိမ် ကျွတ်ကျွတ်လေးနဲ့ တွဲဖက်ပီးတော့ သုံးဆောင်သွားပါ။


မှတ်ချက် ။ ။ (ချက်နည်းရေးတာ ဒီတစ်ခါတည်းပါ။)

Thursday, October 22, 2009

ဝက်ခေါင်းသုပ်၊ ၀က်ခြေထောက်

ဝက်ခေါင်းသုပ်


ဝက်ခြေထောက်စွပ်ပြုတ်

ဝက်ခေါက်ကင်

ပဲငပိ နဲ့ ၀က်ခေါက်ကင်

ကင်ပွန်းချဉ်ရည်ဟင်း

ရေခဲသုပ်

ဝက်ခေါင်းသုပ်၊ ၀က်ခြေထောက်၊ ၀က်ခေါက်ကင် သုံးပွဲပေါင်း ၂၀၀၀ ကျပ်၊ ရေခဲသုပ်က တစ်ပွဲ ၃၀၀ ကျပ်။

Tuesday, October 20, 2009

ထူးအိမ်သင်၊ လေးဖြူ

ထူးအိမ်သင် - ကြယ်တွေစုံတဲ့ည



ထူးအိမ်သင် - စကားလုံးမရှိတဲ့ ကောင်းကင်



လေးဖြူ - စာမျက်နှာ ၁၅



လေးဖြူ - မရေရာဘူး

ဝိုင်းဝိုင်း

ဝိုင်းဝိုင်း - ကြိုးမဲ့စွန်



ဝိုင်းဝိုင်း - စည်း

Monday, October 19, 2009

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ဟင်းရည်၊ ဟင်းခါး

အသားနိုင်ချင်းနဲ့ ရွှေတောင်ခေါက်ဆွဲလေးပါ။ အုန်းနို့အရည်လေး ဆမ်းပီး စားရင် အုန်းနို့နံ သင်းသင်းလေးနဲ့ စားလို့ ကောင်းလို့။ အုန်းနို့ခေါက်ဆွဲ ကြိုက်သော သမီး Angel ကတော့ အုန်းနို့ခေါက်ဆွဲ အသုတ်တဲ့။ တစ်ပွဲကို ၆၀၀ ကျပ်။


မြီးရှည်

မာမီစားသော မြီးရှည်။ တစ်ပွဲ = ၆၀၀ ကျပ်။


ရှမ်းမုတ်ညင်းချဉ်

ကော်ပြန့်ကြော်

တနင်္ဂနွေနေ့က သမီးကျောင်းမှာ ပန်းချီပြိုင်ပွဲရှိတယ်။ သမီးလေးကို ကျောင်းကြိုရင်း ၀ယ်စားသောမုန့်။ ကော်ပြန့်ကြော် အသေး။ အထဲမှာ ပြောင်းဖူးတွေ ပါတယ်။ စားလို့ ကောင်းတယ်။


အမတွေ ကြော်ကျွေးသော ကော်ပြန့်ကြော်လည်း ကောင်းတယ်။ တရုတ်တန်း ၁၇လမ်းက ကော်ပြန့် ဖက်ရွှက်တွေဝယ်။ အ၀ိုင်းပုံစံ ကော်ပြန့်ဖက်ရွှက်ကို လေးစိတ် ကတ်ကျေးနဲ့ညှပ်၊ (ပိုတဲ့ ဖက်ရွှက်တွေကို နောက်တစ်နေ့ သုံးချင်သေးရင် ဒန်အိုးထဲမှာ ဂေါ်ဖီရွှက်ထည့်ပီး သိမ်းထားလို့ရသေးတယ်။ အဲဒါမှ ကော်ပြန့်ဖက်ရွှက်တွေက မခြောက်သွားမှာ)


ပြုတ်ထားတဲ့ အားလူးကို ချေ။ အားလူး၊ ဆား၊ တရုတ်မဆလာ သမအောင် နယ်ပီး ကော်ပြန့်လိပ်။


တို့စားတဲ့အချဉ်က ကြက်သွန်ဖြူ၊ ထညက်ခဲ၊ ငရုတ်ဆီ။


စားလို့ကောင်းလို့ တစ်ထိုင်တည်းစားရင် အလိပ် ၂၀ ကျော်လောက်က အသာလေးပဲ။


ကိုယ့်ဘာသာ ကိုယ်လား မကြော်စားဖြစ်ပါဘူး။ ၀ယ်စားလိုက်တာပါပဲ။


ငှက်ပျော်ကြော်

ဒါက ဌက်ပျော်ကြော်။ အခုနောက်ပိုင်း ကြော်ရောင်းတဲ့ ဌက်ပျော်ကြော်ပုံစံ။ ကော်ပြန့်ဖက်ရွှက် ထဲမှာ လီးထားသော ဌက်ပျော်သီးခြမ်းများနဲ့ ခေါက်ပီး ကြော်ထားတာ။ စားလို့ ကောင်းပါတယ်။ ငယ်ငယ်တုန်းကလို မုန့်နှစ်နဲ့ ကျော်တဲ့ ဌက်ပျော်ကြော်ဆိုင်တွေလည်း ရှိသလို အဲလိုမျိုး ကြော်ရောင်းသော အကြော်ဆိုင်တွေလည်း ပေါ်လာပါပြီ။


မိသားစုအိမ်မှ အစားသောက်များကို လာသယ်ပီး သုံးဆောင်နိုင်ပါတယ်။


Saturday, October 17, 2009

ဝက်နံရိုး + ကျောက်ဖံရုံသီးဟင်း

တစ်မိသားစုလုံ ကြိုက်တဲ့ ၀က်နံရိုး နဲ့ ကျောက်ဖရုံသီး ဟင်းရည်


ဝက်နံရိုးဆို မာမီတို့ မိသားစု အားလုံး အကြိုက်ပေါ့။ ၀က်နံရိုးချိုချဉ်ကြော်မလား၊ ၀က်နံရိုးမျစ်ချဉ်၊ ၀က်နံရိုးထမင်းပေါင်း၊ ၀က်နံရိုး ပဲကုလားဟင်း၊ ၀က်နံရိုး ပြုတ်ရည်နဲ့လည်း ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ် စားတတ်သေးတယ်။ ၀က်နံရိုးကို စွန်တန်နဲ့လည်း ချက်သေးတယ်။ မာမီသောက်မယ့် ဟင်းရည်ခွက်ထဲမှာ ငရုတ်သီးစိမ်း ညက်ညက်ထောင်းထားတာကို ခပ်ထည့်ထားပီးမှ ၀က်နံရိုး စွန်တန်ပြုတ်ရည် လောင်းထည့်တာ။ ချဉ်ချဉ် စပ်စပ်လေးနဲ့ သောက်လို့ ကောင်းမှကောင်း။


ကျောက်ဖရုံသီးက အပူအပုတ်တွေ ကင်းတယ်။ ကျောက်ဖရုံသီးလေးနဲ့ ၀က်နံရိုးဟင်းရည်ထဲမှာ ဂျင်းလေးပါထည့်ပြုတ်ပီး ဟင်းရည်ပူပူထဲမှာ ငရုတ်ကောင်းမှုန့်လေးပါ ခပ်လိုက်တော့ အဲဒီဟင်းက မာမီတို့ အိမ်သားတွေ အားလုံး ကြိုက်တဲ့ဟင်း ဖြစ်သွားတာပေါ့။


ကရေကရာ


ကရေကရာ


ကောက်ညင်းမီးဖုတ်


ကောက်ညှင်းမီးဖုတ်


ကောက်ညင်း




ကောင်ညှင်းမီးဖုတ်ထဲမှာ အုန်းသီး၊ ပုဇွန်ခြောက်၊ နှမ်းထောင်းပါ ပါတယ်။

Wednesday, October 14, 2009

မုန့်ချိုသွင်း

မုန့်ချိုသွင်း


သမီးကို ကျောင်းကြိုပီး အပြန် ကျောင်းထိပ်နားမှာ မုန့်ချိုသွင်း အသယ် တွေ့လို့ တစ်ထောင်ဖိုး ၀ယ်လာပီး။ မိသားစု စားကြတာ။ တစ်ထောင်ဖိုး ၄ ခုရတယ်။ ကလေးတွေက ချိုလို့ ကြိုက်ကြတယ်။ မာမီကတော့ အဲဒီ မုန့်ချိုသွင်းကို အရမ်းကြိုက်တယ်။ မုန့်ချိုသွင်းရယ်၊ မုန့်လေပွေရယ်ကို တော်တော်ကြိုက်ပေါ့။ မုန့်ချိုသွင်းက စားလိုက်ရင် အထဲက ထညက်ရည်တွေက ချိုစိမ့်နေတာ။ မုန့်လေပွေ ကျတော့ ပွပွလေး နဲ့ အရသာက ဖွဖွလေး။



၎ ခုကို ၁၀၀၀ ကျပ်


သမီးက မုန့်ချိုသွင်းလို့ ဘာလို့ ခေါ်တာလဲး မေးလို့ ကိုယ်ဘာသာ ရမ်းသမ်းပီး ထညက်ရည် အချိုတွေ မုန့်ထဲ သွင်းထားလို့ မုန့်ချိုသွင်း လို့ ခေါ်တာလို့။ အထဲမှာ မုန့်အချိုတွေ သွင်းထားတော့ သဘောပေါက်လွယ်တာပေါ့နော်။


ဝက်သားဒုတ်ထိုး


ဝက်သား ဒုတ်ထိုးက သမီး ကျောင်းမှာ ရောင်းတဲ့ မုန့်ဈေးတန်းက ၀ယ်လာတာ။ တစ်ချောင်းကို ၁၀၀ ကျပ်၊ နားရွှက်၊ အဆုတ်၊ လျှာ၊ အူပိတ်၊ အူမ အစုံပါပဲ။ စားလို့ ကောင်းတယ်။ သန့်လည်း သန့်တယ်။


တစ်ချောင်းကို ၁၀၀ ကျပ်

Tuesday, October 13, 2009

Crab - ဂဏာန်းဟင်း

crab curry

Sunday, October 11, 2009

မြီးရှည်

မြီးရှည်

မြီးရှည် တစ်ပွဲ ၅၀၀ ကျပ်။ ရှမ်း မုန်ညင်းချဉ် နဲ့ ဟင်းရည် ပါတယ်။



ရှမ်းမုန်ညင်းချဉ်။ လတ်ဆတ်တယ်။



မြီးရှည်၊ မုန်ညင်းချဉ်၊ ဟင်းရည်


ပဲပြုတ် ထမင်းကြော်

ထမင်းကြော်နဲ့ ဘဲဥချည်ဟင်း တစ်ပွဲ ကို ၅၀၀ ကျပ်။ ဒီမနက် အိမ်မှာ မနက်စာ ဘာမှ မပြင်ဆင်တော့ဘူး။ အပြင်ကပဲ မှာစားလိုက်တယ်။ မနက်စာဖိုး ၁၀၀၀ ကျပ်။ ထမင်းကြော်မှာ ငရုတ်သီးကြော်ပါ ထည့်ပေးသေးတယ်။ ကြော်ထားတဲ့ ဆန်လည်း ကောင်းတယ်။ စားလို့လည်း ကောင်းတယ်။


ဘဲဥ ချည်ရည်ဟင်း

ဘဲဥ ချဉ်ရည်ဟင်းကို အဲလိုမျိုး ဘဲဥကို ဓားနဲ့ ပေါက်ပီး မန်ကျီးမှည့်ရည် အနှစ်ဝင်အောင် ချက်ထားတဲ့ ဟင်းဆို တစ်မိသားစုလုံး အကြိုက်ပေါ့။ ဘဲဥက မြန်ပြည်မှာ ၁၂ လုံး တစ်ထောင်ဈေး။ အလုံးတော့ သေးတယ်။

Related Posts Plugin for WordPress, Blogger...