Wednesday, September 16, 2009

နန်းပြားသုပ်

နန်းပြားသုပ်

နန်းပြားသုပ်

ဟင်းခါး

ဟင်းရည်

နံပြား

နံပြား

ပဲပြုတ်

ပဲပြုတ်

အီကြာကွေး


အခုရက်ပိုင်း မအားဘူးပေါ့နော်။ အဲလိုနဲ့ အွန်လိုင်းမှာ ရှိတဲ့ မိသားစု ဘလော့လေးကို ပစ်ထားလိုက်ရမှာ သနားနေတာနဲ့ဘဲ

အစားအစာ ပုံလေးတွေကို တင်လိုက်တော့လေ …. ဘလော့မှာ လာလည် လိုက်ကြတာ။

အဲဒါနဲ့ …

ကိုယ့်ဆီမှာတော့ ဒါပဲ စားစရာ ရှိတော့ ဒါပဲ စားနေတာပေါ့နော်။

ဟဲ .. ဟဲ အစားနဲ့ နှိပ်စက်တယ်လို့ မယူဆလိုက်ပါနဲ့။

ဝိပ်ကတော့ လောလောဆယ် ခင်သန္တာ သက်ချိုပြုံး မဖြစ်သေးပါဘူး။

အမတို့ကတော့ နံပြား နဲ့ မလိုင် ကို အရင်တုန်းကစားတယ်။ အခုတော့ ( ဒီက မလိုင်ဖတ်တွေက tissue စက္ကူ နဲ့ နို့နဲ့ ရောကြိုပီး လုပ်ထားတယ်ဆိုလို့ မစားဖြစ်တာ ကြာပေါ့ )

အီကြာကွေးနဲ့ ပဲပြုတ် တွဲစားတယ်။ မြိတ်သားစတိုင်လိုမျိုး။

( ရန်ကုန်စတိုင်ကတော့ ပဲ + နံပြားပဲ စားတယ်။ )

ပဲပြုတ်နဲ့ အီကြာကွေးကော နံပြားနဲ့ပါ တွဲစားတာဆိုတော့ ဘာစတိုင်လည်း မသိတော့ပါဘူး။
နန်းပြားသုပ်က တစ်ပွဲ ၆၀၀ ကျပ်။ ပဲကြော်နဲ့ဆိုတော့ ၇၀၀ ကျပ် (သာကေတ ရွှေပုဇွန်မှာ မနက် ၇ နာရီ ရောင်းတဲ့ နန်းပြားသုပ်လည်း စားလို့ ကောင်းမှ ကောင်း) :D

ပဲ နံပြားက တစ်ပွဲ ၃၀၀ကျပ်

အီကြာကွေးက တစ်ချောင်း ၁၅၀ကျပ်

မုန့်ဟင်းခါး အလွတ် ၃၀၀ ကျပ် အကြော်နဲ့ဆို ၄၀၀ ကျပ်။ အိုးဘဲဥ ၂၀၀ ကျပ်။

မင်းမော်ကွန်း သီချင်းလို ” စားလို့ကလည်းကောင်း၊ အရသာလေးကလည်း ကောင်း တို့အကြိုက်ဆုံးပဲကွဲ့ ရို့ ရို့ ရို့ ရို့”


ဒီရက်ပိုင်း မိသားစု ဘလော့အသစ် လုပ်နေတယ်။ မအားတဲ့ကြားကပဲ တစ်နေ့ကို အနည်းဆုံး ၂နာရီလောက် အချိန်ယူပီးတော့ ကလိနေတယ်။ http://thetnandarfamily.blogspot.com/

ဘာမှတော့ မရှိသေးဘူး။ wordpress ကို export လုပ်ပီး blogspot မှာ import ဆွဲချတာ။ ကြာလွန်းလို့ အခုထက်ထိ copy ကူးမရသေးလို့။





0 comments:

Related Posts Plugin for WordPress, Blogger...