Monday, November 9, 2009

ကြက်ဥခေါက်မုန့်

ခေါက်မုန့်ပုံတွေကိုတော့ တင်ပီးသားပါ။ ဒါပေမယ့် ကြက်ဥ ခေါက်မုန့်ကို သကြားနဲ့ အ၀ါရောင် ပုံကိုတော့ မတင်ရသေးပါဘူး။ ဒီနေ့ သမီး ကျောင်းက အပြန် ခေါက်မုန့် ၀င်ဝယ်တယ်။ ဒီတစ်ခါတော့ နည်းနည်း စောင့်ရတယ်။ ၁၀ မိနစ်လောက်။ ကိုယ်ရှေ့မှာ ခေါက်မုန့် အော်ဒါ ၇ ခုလောက် ရှိလို့။ ဒါတောင် ခေါက်မုန့် မီးဖိုက နှစ်ဖို မို့လို့။ ရှေ့က လူက ၀ယ်သွားတာ လမ်းသရဲ ခေါက်မုန့်တွေ ချည်းပဲ။ ပဲပင်ပေါက် နိုင်နိုင်၊ မဆလာ နိုင်နိုင် နဲ့ ခေါက်မုန့်တွေရော၊ ဆားနဲ့ ငရုတ်သီး မဆလာ အစာပလာစာ အစုံပါတဲ့ လမ်းသရဲ ခေါက်မုန့်တွေချည်းပါပဲ။ စားမယ့် သူ က သေချာပါတယ်။ မိန်းမတွေပါ။



ကြက်ဥခေါက်မုန့် (သကြားနဲ့)





ကြက်ဥခေါက်မုန့် (ထညက်ရည်နဲ့)



ခေါက်မုန့်



လမ်းသရဲခေါက်မုန့် (မဲနေတာက တူးနေတာမဟုတ်ပါ။ မဆလာတွေပါ)


မာမီကတော့ ထုံးစံအတိုင်း ကြက်ဥခေါက်မုန့် က ၂ ခု နဲ့ လမ်းသရဲခေါက်မုန့်၊ ရိုးရိုး ခေါက်မုန့်ပါပဲ။ ဓာတ်ပုံက တင်လက်စနဲ့ အားလုံးကို ရိုက်ပီး တင်လိုက်တာပါ။ ခေါက်မုန့် ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာ နဲ့ပေါ့။

0 comments:

Related Posts Plugin for WordPress, Blogger...