Monday, November 16, 2009

ငါးကြင်းကြော် နဲ့ အဓိပတိ ပဲပုပ်ချက်


ငါးကြင်းကြော် ကြွပ်ကြွပ်လေး


ပဲကြာဇံဟင်းချို။ စပါးလင် ကို ထုထောင်း ပီး အထုံးလေး ထုံးပီး ခပ်လိုက်ရင် ပိုသောက်ကောင်းတယ်။ နှိုင်းချင်ရင် မုန့်ဟင်းခါး အရသာ ကျနေတာပဲ။


ဂေါ်ဖီတွေနဲ့ ရောသုပ်ထားတဲ့ လက်ဖက်သုပ်


အာလာဒင် ကစားကွင်း အသစ် (ရွှေဂုံတိုင်) ကစားကွင်း နဲ့ကပ်ရပ်မှာ ဖွင့်ထားတဲ့ ဖြူးက အဓိပတိ ထမင်းဆိုင်က ဟင်းဝယ်လာတာ။ ငါးသလဲထိုးဟင်း။ တစ်ပွဲကို ၁၀၀၀ ကျပ်။


အဓိပတိ လက်ရာ ပဲပုပ်ချက် = တစ်ပွဲကို ၃၀၀ ကျပ်
(အဓိပတိဖြူး - ရဲ့ ဟင်းချက်နည်းစာအုပ်ထဲက ပဲပုပ်ချက်)
ပဲပုပ်ချက်အတွက် ပဲပုပ်အစို တစ်ဆယ်သားဝယ်လာတယ်၊ ဆီ ငါးကျပ်သား အိုးထဲထည့်၊ ကြက်သွန်နီနှစ်ဥပါးပါးလှီးထည့်၊ ကြက်သွန်နီ အနံ့မွှေဲးပီး ရွှေဝါရောင်ဖြစ်လာရင် ခရမ်းချဉ်သီး တစ်ဆယ်သား လှီးထားတာထည့်၊
ခရမ်းချဉ်သီး အဖတ်လေးတွေ ကြေပြီး ဆီပြန်လာရင် ပဲပုပ်စေ့ထည့်၊
ငံပြာရည် နှစ်ဇွန်း၊ ဆားနည်းနည်း၊ ပုစွန်ခြောက်မှုန့်လေး နှစ်ဇွန်း၊ အစပ်ကြိုက်ရင် ငရုတ်သီး ထောင်းထည့်၊ အားလုံး ဆီပြန်သွားရင် ရှမ်းပဲပုပ်ချက် ဖြစ်ပြီ။
သူနဲ့ တို့ဖို့ ပဲစောင်းဝါးသီးနုနု၊ သခွားသီးနုနု၊ ပဲတောင့်ရှည်၊ ဂေါ်ဖီရွှက်လေး ပြင်ထည့်လိုက်ရုံပါပဲ။

(အမလေး ရိုက်ရတာ လက်တောင်ညောင်းတယ်။ စားလို့ကတော့ ကောင်းမှ ကောင်း)


အိမ်ဟင်း ကိုက်လန် အဖူးကြော်

0 comments:

Related Posts Plugin for WordPress, Blogger...