Saturday, November 28, 2009

ဝက်နံရိုး စွန်တန် ဟင်းရည်


စွန်တန်


စွန်ခေါင်းသီး


ငရုတ်သီးစိမ်းထောင်း


ဝက်နံရိုး စွန်တန်ဟင်းရည် (ချဉ်ချဉ် စပ်စပ်လေး)

ဆောင်းရာသီဥတုနဲ့ စွန်တန်ဟင်းရည်က အလိုက်ဖက်ဆုံးပါပဲ။ ရာသီဥတုက အေးလွန်းတော့ ချဉ်ချဉ်စပ်စပ်လေး သောက်လိုက်ရင် နေလို့ ထိုင်လို့ တော်တော်ကောင်းပါတယ်။ နို့မို့ရင် အေးတဲ့ ရာသီဆိုရင် ဇက်ကြောက တက်ချင်ချင်ရယ်။

ဝက်နံရိုးကို ဆီသပ်ဖို့အတွက် ဆီလေး ပါတယ်ဆိုရုံလေး ဒယ်အိုးထဲ ထည့်ပီး ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ဆား၊ + အသားမှုန့်နယ်ထားပီးသား ၀က်နံရိုးတွေကို ဆီသပ်ပါတယ်။ သူများတွေ ဆီသပ်ပီး ချက်မချက် မသိပါ။ ကိုယ်ကတော့ စွပ်ပြုတ် ချက်ရင်တောင် ဆီသပ်ပီး ချက်ပြုတ်မှ ချိုပီး သောက်ကောင်းတယ် ထင်တဲ့ လူမို့လို့ပါ။ ဆီလည်း အများကြီး မထည့်ရဲပါဘူး။ နည်းနည်းလေးနဲ့ ဆီပူထိုးတာပါ။ ဆီသပ်ပီးမှ ရေထည့်ပီး တည်ထားတုန်း ကြက်သွန်နီဥကို ၄ စိတ် လှီးထားတာ ထည့်ပါတယ်။ ကြက်သွန်နီ ဥကို ကြက်သွန်ဖြူလို ထောင်းထားတာ ထည့်လည်း စားကောင်းသလို ကြက်သွန်နီ အချပ်လေးတွေ နူးနူးအိအိလေးကလည်း စားလို့ ကောင်းလို့ စွန်တန်ဟင်းရည် ချက်ရင် ကြက်သွန်နီကို ၄ စိတ်ပဲ ထည့်ပါတယ်။ ပီးရင် စွန်တန်၊ စွန်ခေါင်းသီး ထည့်ပီး နှစ်ရည်လောက် ချက်ပြုတ်လိုက်ရင်ပဲ အချဉ်ဓာတ်ကြောင့် ၀က်နံရိုးအသားကော အရိုးကော နူးအိသွားတယ်။

ကိုယ်က စပ်စပ်လေး သောက်မှာမို့လို့ ကိုယ် သောက်မယ့် ပန်းကန်လုံးထဲမှာ ငရုတ်သီးစိမ်းလေး ထောင်းထားတာကို ထည့်ပီးမှ စွန်တန် ဟင်းရည်ပူကို လောင်းထည့်တာပါ။

စာမြည်းလေးနဲ့ ၀က်နံရိုး စွန်တန်ဟင်းရည် ချဉ်ချဉ်စပ်စပ်လေး သောက်ပီးတဲ့အခါ အေးတဲ့ရာသီဥတုမှာ လန်းဆန်းပါစေ။

0 comments:

Related Posts Plugin for WordPress, Blogger...