Wednesday, November 11, 2009

ဆာတေး၊ သင်းမောင်းပိုးကြော်



၁၈လမ်းထိပ်က ဆာတေး။





ဒါကတော့ ၀က်သားလိပ်ကြော်



ဆာတေးကို မြေပဲအနှစ်နဲ့ တို့စားပီး သခွားသီး အကြွပ်လေးနဲ့ ကိုက်စားရင် အလိုက်ဖက်ဆုံးပါပဲ။ ၀က်သားလိပ်ကြော်ကတော့ မန်ကျည်းမှည့်ရည် အချဉ်နဲ့ တို့စားရင်လည်း စားလို့ ကောင်းသလို ခေါက်ဆွဲသုပ်၊ ကြာဇံသုပ်တို့နဲ့လည်း တွဲစားရင် စားလို့ ကောင်းပါတယ်။



သင်းမောင်ပိုးကြော်။ ဈေးတော့နည်းနည်းများတယ်။ အဲဒီ အကောင်လေးကို တစ်ကောင် ၈၀၀ ကျပ် နဲ့ ငါးကောင်ဝယ်လာတာ။ သမီးက ဓာတ်ပုံရိုက်တာ မစောင့်နိုင်လို့ တစ်ကောင်ယူစားသွားပါတယ်။ စားပါစေ သူတို့တွေအတွက် ၀ယ်လာတာပါ။ မာမီက မစားခင်လေး အင်တာနတ်ကြီးကို ကျွေးချင်ရုံ သပ်သပ်ပါ။



လမ်းမတော်လမ်းထဲက KSS ဒန်ပေါက်၊ တစ်ပွဲ ၁၅၀၀ ကျပ်





ဒါက ဘိန်းမုန့်



Rich တံဆိပ် နဲ့ ကော်ဖီဆိုင်သေးသေးလေးက ၀ယ်လာတာပါ။ တစ်ဗူးကို ၃၀၀ ကျပ်။ ice coffee ပါ။ မာမီကတော့ ဓာတ်ပုံ ရိုက်ဖို့တောင် မနေနိုင်လို့ တ၀က်လောက် သောက်ထားပါသေးတယ်။ ကလေးတွေက Jelly juice ရိုက်ဖို့ မမှီတော့ပါဘူး။ ၀ယ်ပီး လမ်းမှာကတည်းက သောက်နေကျတာ။ ကုန်သွားပါပီ။

0 comments:

Related Posts Plugin for WordPress, Blogger...