Wednesday, December 23, 2009

အောင်တော်မူ ဆုတောင်း

ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ စကြ၀ဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အနန္တ္တလေးပါးတို့၏ ကွန်ချာ၊ မဟာဓမ္မရာဇာ အစစ်ဖြစ်ကြီး ဖြစ်တော်မူကြကုန်သော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဇိနလေးဆူ အောင်တော်မူ မြတ်စွာဘုရား သခင်တို့နှင့်တကွ တစ်ဆယ့်နှစ်ပါးသော အစိန္တေယျ ဂုဏ်တော်တို့ဖြင့် ပြည့်စုံကြပေသော ဘုရားရတနာ၊ တရားရတနာ၊ သံယာရတနာ၊ ရတနာ မြတ်သုံးပါးတို့အား တပည့်တော် (တပည့်တော်မ) သည် ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

အတိုင်းမသိ အံ့ချီးဖွယ်ရာ မြတ်ဂါထာတို့ဖြင့် ”အောင်တော်မူ ဓာတ်ကြီးလေးပါး ဆွမ်း” ကို လှူဒန်းပူဇော်အပ်ပါ၏ ဘုရား။

ဤသို့ ”အောင်တော်မူ ဓာတ်ကြီးလေးပါး”ဆွမ်းဖြင့် လှူဒါန်းပူဇော်ခြင်းကြောင့်၊

ကင်းရှင်းရောဂါ၊ ငါးဖြာရန်သူ၊ ဆယ်ဆူသောဒဏ်၊ ရှစ်တန်သောအပြစ်၊ နှစ်ဆယ့်ငါးပါးသောဘေး၊ ဝေးဝေးရှင်းကွာ၊ တစ်ဆယ့်ခြောက်ပါးသော ဥပဒ်၊ မကပ်ဒွတ္တိ့သာ၊ နှစ်ဝသုံးဆယ်၊ ပယ်လေးကြမ္မာ၊ ရောဂါဆန၀၀ုတိ၊ မရှိကိုယ်ဝယ်၊ လွင့်ပျောက်ပြယ်၍၊ မတွယ်ကင်းကွာ ဝေးစေသောဝ်။



  • ရှစ်ရပ်ဒိသာ၊ သွားလေရာလည်း၊ ဘေးရန်ကင်းကွာ၊ လာဘ်မိုးကြီးရွာ၍၊ ချမ်းသာ သုခ ရစေသောဝ်။


  • တွေ့ဆုံဆက်ဆံရသော ယောကျာ်း မိန်းမ ဟူသမျှတို့လည်း မြင်ကစုံမက်၊ မေတ္တာဆက်၍၊ နှစ်သက်ကြည်သာ ရှိစေသောဝ်။

  • ကြီးပွားကြံဆ လုပ်ငန်းကိစ္စ ဟူသမျှလည်း အောင်မြင်ပြည့်ဝကြစေသောဝ်။

  • မြင့်တက်ဂုဏ်ရှိန် ရာထူးစည်းစိမ် တိုးတက်တည်ငြိမ်ပါစေသောဝ်။

  • ဆိုးရွားကြမ္မာ၊ ဘေးဘယာနှင့် ဂြိုဟ်ပါပတို့၊ဝေးကလွင့်ပါး ပျောက်စေသောဝ်။

  • ဇာတာစန်းလဂ်၊ ရှိန်ရှိန်တက်လျက်၊ ကုသိုလ်အကျိုး၊ ဘုန်းကံတိုး၍၊ တန်ခိုးတေဇာ ထက်စေသောဝ်။

  • မာဃဣန္ဒာ နတ်ဒေ၀ါနှင့်၊ ၀ိဇ္ဖာအပေါင်း၊ သူတော်ကောင်းတို့လည်း အကျွန်ုပ်အား ကောင်းကျိုး စောင်မကြစေသောဝ်။

  • ဒေ၀သမ္မာ၊ နတ်များစွာလည်း လိုရာအောင်ဆုပေးစေသောဝ်။

  • တစ်ကျိပ်နှစ်ပါး ထင်ရှားကုန်လတ် ကိုယ်စောင့်နတ်လည်း ဆပွားကြင်နာ သက်ဝင်လာ၍ မေတ္တာအောင်ဆု ပေးစေသောဝ်။

  • ဣစ္ဆိတံ၊ ပတ္တိတံ ခိပ္ပမေ၀ သမိဇ္ဈတု လိုလားအပ်သော တောင့်တအပ်သော (နိဗ္ဗာန်) ဆုမြတ်အပေါင်းတို့နှင့် လုံးဝဥဿုံ ပြည့်စုံပါစေသောဝ်။

0 comments:

Related Posts Plugin for WordPress, Blogger...