Wednesday, September 30, 2009

ရှင်ဖုန်း



ဟန်နီ



ကိုယ်ပိုင်တဲ့နေရာ

Tuesday, September 29, 2009

မြင်ကွင်း



Morning Prayer
မနက် မိုးလင်းလာရင် ကြားနေကျ အသံတွေ ဌက်အသံ၊ ကြက်ဖအသံ နဲ့ တခါ တရံ ဘက်စကားအသံတွေ ...




မနက်ခင်း တွေ့ရတဲ့ မြင်ကွင်း ... မနက် ၅ နာရီခွဲ ပတ်ဝန်းကျင်။ အောက်တိုဘာလထဲ ရောက်တော့မယ်ဆိုတော့ မနက်စောစောဆို မြူတွေ နည်းနည်း ရှိတယ်။



ည ၆း၃၀ မြင်ရတဲ့ မြင်ကွင်း။ သီတင်းကျွတ်တော့မယ်ဆိုတော့ တချို့ အိမ်တွေလည်း အိမ်ရှေ့မှာ မီးထွန်းပီး ပူဇော်နေကြတာ မြင်ရတဲ့ မြင်ကွင်း။ ဓာတ်ပုံ ရိုက်ခါစက သုဝဏဘောလုံးကွင်းက မီးကြီးက စထွန်းခါစမို့ မီးအား သိပ်မများသေးတော့ ဓာတ်ပုံထဲမှာ spot သေးသေးလေး။ ၂ ပုံ ၃ ပုံလောက်ကျတော့ ဘောလုံးကွင်း မီးကြီး မီးအားတော်တော်ပြင်းတာ ပုံထဲမှာ တွေ့မှာပါ။







ကားလမ်းမကို မနက်ခင်း မြင်ရတဲ့ မြင်ကွင်း။ လမ်းမကြီးတော့ မဟုတ်ဘူး။



ညဘက် မြင်ရတဲ့ မြင်ကွင်း



shopping mall ရဲ့ ညဘက် မြင်ကွင်း

Monday, September 28, 2009

Samantha and Darrin in Mexico City


Part - 1




Part - 2



Part - 3

Adding falling Hearts, stars, leaves & snow

ဒီရက်ပိုင်း ညဘက်တွေမှာ တစ်နေ့ကို ၂ နာရီလောက် blogspot ကို ကလိနေတာ။
snow လေးတွေ ကျနေတာကို အရာတော်မြေက မျှဝေပေးလို့ ဘလော့မှာ ထည့်ကြည့်လိုက်တော့ တော်တော်လေး လှသွားတယ်။

နောက်တခါ The Queen's blog roll ကနေ ရသာစုံကို သွားကြည့်တော့ star လေးတွေ ကျလာတာကို ကြည့်ပီး နောက် ထပ် ဘာတွေ ကျစရာ ရှိသေးလဲး ဆိုပီး Mr. Google ဆီမှာ ရှာကြည့်လိုက်တော့ အများကြီးပါပဲ။ ပျော်စရာကြီး။

Heart လေးတွေ ကျချင်ရင် - http://www.allblogtools.com/falling-objects/adding-falling-hearts-for-blogger-1/

Star လေးတွေ ကျချင်ရင် - http://www.allblogtools.com/falling-objects/adding-falling-stars-for-blogspot-1/

Snow လေးတွေ ကျချင်ရင် - http://interestingwebs.blogspot.com/2008/12/how-to-add-falling-snow-effect-to-blog.html

Snow လေးတွေ ကျဖို့ နောက်တစ်ခု : http://secretbloggertips.blogspot.com/2009/04/create-snow-effect-on-your-blog-1.html


ထပ်ပီး blog ကို အရောင်တင်ချင်သေးရင် ဒီဘလော့မှာ အများကြီးပဲ။ http://secretbloggertips.blogspot.com/2009/09/creating-falling-stars-effect.html

Snowflakes/Flowers/Leaves - http://bloggerstop.net/2008/12/add-falling-snow-flakes-flowers-leaves.html

Sunday, September 27, 2009

Samantha goes south for a spell




Samantha and Endora  (animated)

Part 1



Part 2




Part 3

Saturday, September 26, 2009

အမဲသားမွှကြော်



အမဲသားမွှကြော်

အမဲသားစားရင် စားကြည့်ပါအုံးနော်။ အမဲသား မစားရင်တော့ Sorry ပါ။ မြန်ပြည်မှာတော့ အမဲသားက အသားဈေးတွေထဲမှာ ဈေးအပေါ်ဆုံးပဲ။



Green Tea

မနေ့က နဲ့ ဒီနေ့တော့ ရန်ကုန်မှာ မိုးတွေ ၇ွှာနေတယ်။ မိုးလေးအေးအေးမှာ အမဲမွှကြော်လေးနဲ့ ရေနွေးကြမ်း။



Friday, September 25, 2009

အုန်းနို့ခေါက်ဆွဲ



အုန်းနို့ခေါက်ဆွဲ ပဲကြော်လေးနဲ့ စားသွားပါအုံး :D



ဒါကတော့ အကြော်မပါ။ ချွေတာရေး အုန်းနို့ခေါက်ဆွဲ :D

Friday, September 18, 2009

ဆာတေး

ဆာတေး

တရုတ်တန်း 18 လမ်းထိပ် ဆာတေးဆိုင်က ၀ယ်လာတဲ့ ဆာတေးပါ။

ဖက်ထုပ်

ဖက်ထုတ်ကြော်

ပဲပြား

ပဲပြားပေါင်း

မြေပဲအနှစ်၊ ဂျင်း၊ သခွားသီး ကျွတ်ကျွတ်၊ အချဉ်ရည်

မြေပဲအနှစ်၊ ဂျင်းနု၊ သခွါးသီး၊ အချဉ်ရည်


ကော်ပြန့်စိမ်း


ကြက်သားအားလူးဟင်း၊ ကန်စွန်းကြော်၊ ဒန့်သလွန်သီးချဉ်ရည်ဟင်း

အမွှေးခဲ


အခန်းကျယ်မှာ ထွန်းတဲ့ အမွှေးခဲ။ အနံက အစုံပါပဲ။ မီးထွန်းလိုက်ရင် ခဏပဲ ခံတယ်။ သံပုရာအနံကို အကြိုက်ဆုံးပါပဲ။ ၁၅ ပေပတ်လည် အိပ်ခန်းမှာ မထွန်းပါဘူး။ အနံက လုံသွားတော့ ရင်ကြပ်ရောဂါ ရလာမှာစိုးလို့။ အမွှေးဆီကတော့ ကောင်းတယ်။ အိပ်ခန်းထဲမှာ ဆိုရင် Sandalwood အနံနဲ့ Lavender အနံက အကြိုက်ဆုံးပဲ။ နှာခေါင်းမှာ အဲလို အနံလေးတွေ ရှုမိရင် စိတ်ငြိမ်တယ်။ အကောင်းဆုံး စိတ်ငြိမ်တဲ့ နည်းလမ်းက တရားထိုင်ခြင်းအလုပ်ပဲဆိုတာ သိပေမယ့်လည်း မလုပ်ဖြစ်ပါဘူး။


သံပုရာအနံပါတဲ့ အမွှေးခဲ

Wednesday, September 16, 2009

နွားနို့ခဲဟင်း

နွားနို့ခဲဟင်း

နွားနို့ခဲဟင်း

နွားနို့ခဲဟင်း (ဆီနည်းနည်း)

ကိုယ့်ဖေဖေက မိတ္ထီလာသားမို့ နွားနို့ခဲဟင်းတို့ ဆိတ်သားခြောက်ဟင်းတို့ဆို အရမ်းကြိုက်။ ဖေဖေတို့ ငယ်ငယ်တုန်းက မိတ္ထီလာဈေးက ငါးရက်တစ်ဈေးဆိုတော့ ဈေးနေ့မှာ ဆိတ်သားဝယ်၊ ခြံထဲမှာ အခြောက်လှမ်း၊ ဈေးပိတ်ရက်ဆို ဆိတ်သားခြောက်ကို ငရုတ်သီး၊ ခရမ်းချဉ်သီးလေးနဲ့ ချက်ထားတဲ့ဟင်းမျိုးဆို စားလို့ ကောင်းမှ ကောင်း၊ ဆိတ်သားခြောက် ကို မီးနဲ့ ဖုတ်ပီး ဆီနိုင်နိုင်လေးနဲ့ စိမ်ထားရင်လည်း နတ်သုဒ္ဒာပါပဲ။

နန်းပြားသုပ်

နန်းပြားသုပ်

နန်းပြားသုပ်

ဟင်းခါး

ဟင်းရည်

နံပြား

နံပြား

ပဲပြုတ်

ပဲပြုတ်

အီကြာကွေး


အခုရက်ပိုင်း မအားဘူးပေါ့နော်။ အဲလိုနဲ့ အွန်လိုင်းမှာ ရှိတဲ့ မိသားစု ဘလော့လေးကို ပစ်ထားလိုက်ရမှာ သနားနေတာနဲ့ဘဲ

အစားအစာ ပုံလေးတွေကို တင်လိုက်တော့လေ …. ဘလော့မှာ လာလည် လိုက်ကြတာ။

အဲဒါနဲ့ …

ကိုယ့်ဆီမှာတော့ ဒါပဲ စားစရာ ရှိတော့ ဒါပဲ စားနေတာပေါ့နော်။

ဟဲ .. ဟဲ အစားနဲ့ နှိပ်စက်တယ်လို့ မယူဆလိုက်ပါနဲ့။

ဝိပ်ကတော့ လောလောဆယ် ခင်သန္တာ သက်ချိုပြုံး မဖြစ်သေးပါဘူး။

အမတို့ကတော့ နံပြား နဲ့ မလိုင် ကို အရင်တုန်းကစားတယ်။ အခုတော့ ( ဒီက မလိုင်ဖတ်တွေက tissue စက္ကူ နဲ့ နို့နဲ့ ရောကြိုပီး လုပ်ထားတယ်ဆိုလို့ မစားဖြစ်တာ ကြာပေါ့ )

အီကြာကွေးနဲ့ ပဲပြုတ် တွဲစားတယ်။ မြိတ်သားစတိုင်လိုမျိုး။

( ရန်ကုန်စတိုင်ကတော့ ပဲ + နံပြားပဲ စားတယ်။ )

ပဲပြုတ်နဲ့ အီကြာကွေးကော နံပြားနဲ့ပါ တွဲစားတာဆိုတော့ ဘာစတိုင်လည်း မသိတော့ပါဘူး။
နန်းပြားသုပ်က တစ်ပွဲ ၆၀၀ ကျပ်။ ပဲကြော်နဲ့ဆိုတော့ ၇၀၀ ကျပ် (သာကေတ ရွှေပုဇွန်မှာ မနက် ၇ နာရီ ရောင်းတဲ့ နန်းပြားသုပ်လည်း စားလို့ ကောင်းမှ ကောင်း) :D

ပဲ နံပြားက တစ်ပွဲ ၃၀၀ကျပ်

အီကြာကွေးက တစ်ချောင်း ၁၅၀ကျပ်

မုန့်ဟင်းခါး အလွတ် ၃၀၀ ကျပ် အကြော်နဲ့ဆို ၄၀၀ ကျပ်။ အိုးဘဲဥ ၂၀၀ ကျပ်။

မင်းမော်ကွန်း သီချင်းလို ” စားလို့ကလည်းကောင်း၊ အရသာလေးကလည်း ကောင်း တို့အကြိုက်ဆုံးပဲကွဲ့ ရို့ ရို့ ရို့ ရို့”


ဒီရက်ပိုင်း မိသားစု ဘလော့အသစ် လုပ်နေတယ်။ မအားတဲ့ကြားကပဲ တစ်နေ့ကို အနည်းဆုံး ၂နာရီလောက် အချိန်ယူပီးတော့ ကလိနေတယ်။ http://thetnandarfamily.blogspot.com/

ဘာမှတော့ မရှိသေးဘူး။ wordpress ကို export လုပ်ပီး blogspot မှာ import ဆွဲချတာ။ ကြာလွန်းလို့ အခုထက်ထိ copy ကူးမရသေးလို့။





Monday, September 14, 2009

သာကူပြင်၊ တညင်းသီး အုန်းနို့ဆမ်း

သာကူပြင်

သာကူပြင်

တညင်းသီး အုန်းနို့ဆမ်း

တညင်းသီး အုန်းနို့ဆမ်း

city mart က ဝယ်လာတာ။ တစ်ချပ်ကို ၁၅၀ ကျပ်။ ၅ ချပ် ဝယ်လာပေမယ့် လောလောဆယ် တစ်ခုပဲ စားတယ်။

ကောက်ညင်း ဌက်ပျော်ထုပ်

ဌက်ပျော်ကောက်ညှင်းထုပ်

ဌက်ပျော် ကောက်ညှင်းထုပ်က တစ်ထုပ်ကို ၃၀၀ ကျပ်။ နှမ်းထောင်းနဲ့ အုန်းသီးနုနုလေးတွေ ဖြူးပေးတယ်။

ပုဇွန်ဘောချိတ်၊ မုန်လာဥချဉ်ရည်ဟင်း

ပုဇွန် ဘောချိတ်

ပုစွန်ဘောချိတ်ဆီပြန်ဟင်း

မုန်လာဥချဉ်ရည်

မုန်လာဥချဉ်ရည်ဟင်း

ကြက်ဟင်းခါးသီးကြော်

ကြက်ဟင်းခါးသီးစားလို့ သွေးပေါင်ကျပီး ဇက်ကြောတက်လာရင် Novartis ဆေး တခြမ်းသောက်လိုက်တာပါပဲ။

မင်းမော်ကွန်း - အချစ်ကြောင့် ရန်ဖြစ်ကြသူများ

မင်းမော်ကွန်း၊ ကျော်ရဲအောင်၊ ၀ိုင်းစုခိုင်းသိန်း - အချစ်ကြောင့် ရန်ဖြစ်ကြသူများ (ဟာသကား - 2008)

http://www.mmvideos.net/

ဒီရက်ပိုင်း သမီး Angel စာမေးပွဲအတွက် ကိုယ့်ဘာသာကို မေးခွန်းတွေကို လက်နဲ့ ရေးပေးပီး ပြင်ဆင်ပေးထားရတာရယ်။ ကလေး ၂ယောက်စလုံး ရာသီဥတု ပူလို့ ကျန်းမာရေး စိတ်ပူနေရတာရယ်ကြောင့် လူလည်း နှုံးနေပီ။

ဒီလိုအချိန်မျိုးဆို ဟာသကားလေး ကြည့်။ ဟား ဟား ဆိုပီး အားရ ပါးရ ရီလိုက်မှ လူက နေလို့ ထိုင်လို့ ကောင်းသွားတာ။ Angel ကို ကျောင်းပို့ပေးပီးတာနဲ့ .... မနှစ်က လမ်းဘေးကနေ ၀ယ်ထားတဲ့ မြန်မာဗီဒီယို စီဒီချပ်တွေထဲက ဟာသ အခွေတွေ ရှာကြည့်ရင်း ဒီ ရုပ်ရှင်ကို ပြန်ကြည့်တာ တော်တော် သဘောကျသွားတယ်။ မြန်မာဗီဒီယို ဌားတဲ့ ဆိုင်တွေမှာ ခွေအသစ်ဆို ၅ ချပ် ၆ ချပ်လောက်ကို သူတို့က ၀ယ်ပီး ပြန်ဌားစားတာ။ ခွေအသစ်ဆို ဌားဈေးက ဈေးကြီးတော့ ဌားစားတဲ့ လူက ကိုက်တယ်။ ပီးရင် ဆိုင်မှာ တစ်ချပ်လောက်ပဲ ထားပီး ကျန်တဲ့ ပိုနေတဲ့ စီဒီလေးတွေက လမ်းဘေး ရောက်ရော။ အဲလို လမ်းဘေးရောက်လာတဲ့ စီဒီချပ်တွေကို သက်နန္ဒာတို့က တစ်ချပ်ကို ၂၀၀ ကျပ် နဲ့ သွားရွှေးပီး သိမ်းထားတာ။ ခွေက ထစ်ရင်လည်း အဲဒီဆိုင်မှာ သွားပြန်လဲလို့ ရသေးတယ်။ အခုနေတဲ့ တိုက်မှာ အိမ်ရာ - သာယာရေးကော်မတီ (ပုဂ္ဂလိက) ကောင်းမှုကြောင့် မီးအားမြင့်စက်နဲ့ မီးစက် တပ်ပေးထားတော့ မီး၊ ဓာတ်လှေကား၊ အင်တာနက်က ၂၄ နာရီပါပဲ။ အိမ်နဲ့ သမီးကျောင်းပဲ ဘယ်မှလည်း မသွားဖြစ်ဘူး။ သွားချင်တယ်။ ပိုက်ဆံကုန်မှာစိုးလို့ 


http://www.kosaw.jp/ မြန်မာဗီဒီယိုကား ၀ပ်ဆိုဒ်အသစ်

Sunday, September 13, 2009

YKKO ကြေးအိုး

YKKO ကြေးအိုး

 YKKO ကြေးအိုး

သမီးက ကြေးအိုး စားချင်တယ်ဆိုလို့ မျက်စောင်းထိုးတိုက်မှာ ဆိုင်ဖွင့်ထားတဲ့ YKKO ကြေးအိုးတစ်ပွဲ မှာလိုက်တယ်။ ကြေးအိုးက အသားနဲ့ ၀က်ဦးနှောက်ကို ကလေး ၂ယောက်စလုံးက အရမ်း ကြိုက်မှကြိုက်။
 
ကျွန်မနှင့် အဖေကတော့ ညစာ ထမင်းပါပဲ။
 
ဒီနေ့ အပြင်စာ Meal Allowance ကတော့ မနက်စာ မုန့်ဟင်းခါး က ၁၀၀၀ ကျပ် နဲ့ YKKO ကြေးအိုး က ၂၅၀၀ ကျပ်
 
ဆိတ်သားဟင်း၊ ဗူးညွှန့်ကြော်၊ ချည်ရည်ဟင်း နှင့် ပြောင်းဖူးကြော် 

ဆိတ်သားဟင်း၊ ဗူးညွှန့်ကျော်၊ ချည်ရည်ဟင်း၊ ဒညင်းသီးကျော်၊ ကြက်တောင်ပံကင်၊ ပြောင်းဖူးကင်

Angel ပြင်ဆင်ပေးသော လက်ဘက်သုပ်

လက်ဘက်သုပ်

မနက်က ကျန်တဲ့ ကြက်ဥပြုတ်၊ ခရမ်းချဉ်သီး အစိမ်း၊ အနီ၊ တညင်းသီး ကို လှီးဖြတ်ပီး လက်ဘက်သုပ်နှယ်တော့မှာကို သမီး Angel က သူ လက်ဘက်သုပ်ပန်းကန် ပြင်ပေးမယ်ဆိုပီး သမီး ပြင်ပေးထားတဲ့ လက်ဘက်သုပ်လေးလေ :)
 
သမီး နဲ့ သား စားချင်တာပါ ... ထပ်ဖြည့်လိုက်သေးတယ်။ သူတို့ မောင်နှမ နှစ်ယောက်က အကြော်စုံနဲ့ သီဟိုဠ်စေ့စားကြတာ။

Tea of Life - Organic Green Tea
Related Posts Plugin for WordPress, Blogger...