Thursday, March 10, 2011

ကြေးအိုး



ကြိတ်ထားသော ဝက်သား ၂၀၀ ဂရမ် ကျော်ကျော်




  • ဝက်နံရိုးကို ရေသေချာဆေးပီး .... ဆား၊ သကြား၊ ဟင်းခတ်မှုန့် တို့ နှင့် နယ်ထားလိုက်ပါ။
  • rice cooker ထဲမှာ ဝက်နံရိုးတွေကို ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်းထားတာ ရောထည့်လိုက်ပါ။
  • ရေကို အလော်တော်လောက် ထည့်ပီး ဝက်နံရိုးများကို ပြုတ်ထားလိုက်ပါ။
  • ကြိတ်ထားသော ဝက်သား ကို ဆား၊ ကြက်သားမှုန့်၊ ညက်နေအောင် ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် တို့ နှင့် နယ်ပီး ကော်မှုန့်ကိုတော့ အသားလုံးလို့ ကောင်းတဲ့ အထိ ထည့်ပေးပါ။


ဝက်သားလုံး



ဒီဝက်သားလုံးများကတော့ ၂၀၀ ဂရမ် ဖိုးလောက်။ သမီး နဲ့ မာမီ လုံးထားတာ။

ဝက်အူ


  • ဝက်အူများကို ရေဆေးပီး လှီးထားပါ။


ဝက်လျှာ




  • ဝက်အူ နဲ့ ဝက်လျှာများကို ရေသေချာ ဆေးပီး အနေတော်လေး လှီးထားပီးနောက် ဆား၊ ဟင်းခတ်မှုန့်၊ သကြားတို့ နှင့် နယ်ထားပါ။


ပဲပြား



  • ပဲပြားကို လှီးထားပါ။


ready made ဝက်သားလုံး



ရေစိမ်ထားသော ဆန်ကြာဇံ


  • ဆန်ကြာဇံကို ရေထဲမှာ ၁၅ မိနစ်လောက် ရေစိမ်ထားပေးပါ။


ဘေဘီမုန်ညင်း


ကျုဆိုင်





  • ဘေဘီမုန်ညင်း၊ ကျူဆိုင်ကို လှီးဖြတ်ထားပါ။

  • ငုံးဥကို ပြုတ်ထားပါ။




ကြက်သွန်ဖြူဆီချက်




  • ကြေးအိုး ဆီချက် ပြုလုပ်ဖို့ အတွက် ကြက်သွန်ဖြူ ဆီချက် ကို လုပ်ထားပါ။


  • ဆန်ကြာဇံကို ၁၅ မိနစ်လောက် ရေစိမ်ပီးနောက် ဇကာ နဲ့ ရေစစ်ထားပါ။ (အဲဒါ ထမင်းချက်တဲ့ rice cooker က ဇကာခွက် :)








  • ဝက်နံရိုး ပြုတ်တဲ့အခါမှာ ဝေ့တက်လာသော အဆီများကို ခပ်ထုပ်ပစ်ရပါမည်။ ကိုယ်ကတော့ ခပ်ထုပ်မနေတော့ပါဘူး။
  • ကြေးအိုး ဟင်းရည်ချက်တော့မယ့်အခါမှာ rice cooker ထဲက ဝက်နံရိုး ဟင်းရည်များအား ဇကာစစ်ဖြင့် ဝက်ရိုးပြုတ်ရည်ကြည် စစ်ထုပ်လိုက်ပါသည်။
  • မီးဖိုပေါ်ကို ဝက်ရိုး ပြုတ်ရည်ကြည်များ တင်ထားလိုက်ပီး။ ဆူပွက်လာသော အခါမှ ဝက်အူ၊ ဝက်လျှာ၊ ဝက်သားလုံး၊ ready made ဝက်သားလုံး ထည့်၊
  • အသားများ ကျက်သွားပီ ဆိုတော့မှ ကြာဇံ၊ ပဲပြား၊ ငုံးဥ ထည့်လိုက်ပါ။
  • အရသာ အနေတော်ပဲ ဆိုရင် မီးဖို မီး ပိတ်လိုက်ပီး။ ကျူဆိုင် နှင့် ဘေဘီမုန်ညင်း ထည့်ပါ။




ကြေးအိုး


ကြေးအိုး ဆီချက် ချက်ပုံချက်နည်းက အဲဒီ အစုံရောပြုတ်ထားသော ကြေးအိုးပြုတ် အစာပလာဆာ တွေ အားလုံးကို ဇကာကွက် စိပ်စိပ်လေး ရှိတဲ့ ဇကာ ထဲ ထည့်လိုက်ပါတယ်။ ဇကာအောက်မှာ ဟင်းရည်ခွက်ထားပါတယ်။ ရေကို သေချာ စင်နေအောင် စစ်ထုပ်ပါတယ်။ ပီးမှ ပဲငံပြာရည် အကြည်၊ ကြက်သွန်ဖြူ ဆီချက်တို့ နှင့် ရောနှယ်လိုက်တဲ့အခါ ကြေးအိုး ဆီချက် ချက်ပီး သွားပါပီ။


ဟွန်း .... ဟွန်း .... လွယ်လွယ်လေး နော်။



chilli sauce

ပုစွန်ဆီပြန်၊ သရက်ချဉ်သုပ်၊ ကင်ပွန်းချဉ်ဟင်းရည်



နံနံပင်


ပဲပိစပ်ဆီ




ပုစွန်ဆီပြန်ဟင်း






ကင်ပွန်းချဉ်ရွက်




ပဒက်စာ



ကင်ပွန်းချဉ်ရည်ဟင်း



သရက်ချဉ်၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ နှမ်းလှော်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီစိမ်း

ဝက်သားနီချက်၊ ပဲကြီး ဆူးပုပ်နှပ်၊ ချဉ်ပေါင်ဟင်းရည်



ဝက်သားနီချက်

ဝက်သား အသားချည်းပဲ ချက်ထားတာပါ။ အမှန်က ဝက်ပေါင်သား နဲ့ သုံးထပ်သားကို ရောချက်ရင် ပိုပီး စားကောင်းပါတယ်။ အခုလောလောဆယ် အဆီတွေ ရှောင်နေလို့ ဝက်သား အသားချည်းပဲ ကို ဝက်သားနီချက် ချက်ထားတာပါ။
ဝက်သား ၂၅ ကျပ်သား = ၂၀၀၀ ကျပ် ဖိုးကို ရေသေချာဆေးပီး ဆား၊ ဟင်းခတ်မှုန့်၊ ဆနွင်းနဲ့ နယ်ပီးတဲ့ အခါမှာ ရှာလကာရည်၊ ပဲငံပြာရည် အနောက်တို့နဲ့ ထပ်နယ်ပေးပါ။
အနှစ် အဖတ်လေးတွေ အတွက် ကြက်သွန်နီ ၃လုံးလောက်ကို ပါးပါးလှီးပီး ကြော်ထားပါ။ ပီးရင် ဆယ်ထားလိုက်ပီး။
ဆီပူအိုးထဲမှာ သကြား ၂ ဇွန်းလောက် ထည့်ပီး မွှေပါ။ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး အနှစ်များကို ထည့်၊ နှပ်ထားသော ဝက်သားထည့်၊ ပီးမှ ခရမ်းချဉ်သီးထည့်၊ ခရမ်းချဉ်သီးအနှစ်တွေ နဲ့ တစ်ရေလောက် ချက်လိုက်ပီးမှ ရေထပ်ထည့်ပါ။
အသားများ နူးခါနီးမှ ကြက်သွန်နီကြော်လေးများကို ထည့်ပီး ချက်ပါ။

 

ပဲကြီး ဆူးပုပ်နှပ်

 

ချဉ်ပေါင်ဟင်းရည်

မိသားစု အိမ်ကို လာလည်တာ ကျေးဇူးပါ။ နွေးနွေးထွေးထွေး လှိုက်လှိုက်လှဲလှဲ မကြိုဆိုဖြစ်ခဲ့ရင် ခွင့်လွှတ်နားလည်ပေးပါ။
ကွန်မန့်တွေ ရေးပေးသွားတဲ့အတွက်လည်း ကျေးဇူးပါ။
ဟီး ဟီး :D မရေးပေးရင် ပိုပီး ကျေးဇူးတင်မိမှာပါ။
ရေခြား မြေခြားမှပဲ လာလည်လည် ရေတူ မြေတူကပဲ လာလည်လည် အားလုံး တအူတုံဆင်း ရွှေတွေမို့လို့ အကြိုက်ချင်းတူနေတာ ၀မ်းသာပါတယ်။

ကြက်သား ဗူးသီးဟင်း

ကြက်သား ဗူးသီးဟင်း


ကြက်သားကို ခနှောမှုန့်၊ ဆား၊ ဆနွင်းမှုန့် နဲ့ ပထမနယ်ပီးနောက် ငရုတ်သီးအနှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နဲ့ ထပ်နယ်ပီး မိနစ် အနည်းငယ်လောက် ခဏ နှပ်ထားလိုက်တယ်။

ပီးမှ နှပ်ထားတဲ့ အသားပေါ်ကို ဆီ လောင်းထည့်ပီး rice cooker နဲ့ ချက်လိုက်တယ်။

ရေ အနည်းငယ်ထည့်ပီး

ဗူးသီးနုနုကို အသား နူးခါနီးမှ ထည့်တာ အကောင်းဆုံးပါပဲ။

ဟင်းအိုးကို နောက်တခေါက် လှည့်မကြည့်နိုင်လို့ ရေ မထည့်ခင် rice cooker ထဲမှာ အသားလုံးတဲ့ အထိ မွှေပီးတဲ့နောက် ဗူးသီးထည့် ရေ ကို အနေတော်လောက် ထည့်ပီး ချက်ထားလိုက်တာ။

အရည် စပ်စပ်လေး ရခါနီးလောက်ကို မှန်းပီး ခလုတ်ပိတ်ထားလိုက်တယ်။

ဒီဟင်းကတော့ မြန်မာအခေါ် ကြက်သား ကာလသားချက် လို့လည်း ခေါ်တယ်။

ကောက်ညင်းနှမ်းကပ်

ငါးပြေမ ဆီပြန်ဟင်း၊ မှို ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်ချဉ်ရည်

ငါးပြေမ - 1500 ကျပ် ဖိုး (အကောင်သေးသေးတွေရော၊ အကြီးတွေရော၊ အမှန်က အကောင်ကြီးကြီး ဗိုက်ဆူဆူလေးမှ စားကောင်းတာ။ ဒါပဲ ရှိတော့လို့ ၀ယ်လာလိုက်တာ)



ငါးပြေမတွေ တွေ့တာနဲ့ ၀ယ်လာလိုက်တယ်လေ။ ဒါပေမယ့် ငါးပြေမတွေက အကောင်သေးနေတယ်။ အကောင်ကြီးကြီးလေးတွေဆို အသားပိုများပီး ပိုစားကောင်းတယ်။ ဒါပေမယ့်လည်း ငါးပြေမ မစားတာ ကြာလို့ ၀ယ်လာလိုက်တော့တယ်။

ငါးပြေမ တွေကို ဈေးသည်က တခါတည်း ကိုင်ပေးပါတယ်။ အိမ်ရောက်တော့ အဆင့်သင့် ရေဆေး၊ ငါး ကြေးခွံတွေကို ဓါးနဲ့ မွှမ်း ပီး ဆေးကြော သန့်စင်လိုက်ရုံပါပဲ။

ငါးပြေမကို ဆား teaspoon 1/2 ဟင်းခတ်မှုန့် tea spoon 1/2 ဆနွင်းမှုန့် နည်းနည်းနဲ့ နယ်ပီး ခဏလောက် နှပ်ထားလိုက်ပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအနှစ်၊ ဂျင်း အနည်းငယ်၊ စပါးလင် တစ်ချောင်းကို ပါ အကုန်ရောပီး ညက်နေအောင် ထောင်းထားလိုက်ပါ။

မန်းကျည်းသီးမှည့်ကို အရည်ဖျော်ထားပါ။ ခရမ်းချဉ်သီး အနေတော် ၃ လုံးလောက်ဆို ရပါပီ။

ပီးရင် ဆီအိုးတည် ထောင်းထုထားသော အဆာပလာစာများထည့် ဆီသတ်၊ ခရမ်းချဉ်သီး လှီးထားတာထည့်။ ခရမ်းချဉ်သီး အဖတ်လေးများ ကြေသွားပီ ဆိုမှ ငါးပြေမ ထည့်မွှေ၊ ငရုတ်သီးစိမ်းလေး ၇ တောင့် လောက် ထည့်။ ရေလေး အနည်းငယ်ထည့်။ ရေဆူလာရင် မန်းကျည်သီးမှည့်အရည် လောင်းထည့်။ ခဏလောက် အဖုံး ပြန်အုပ်ထားလိုက်ပါ။

ဆီပြန်လာခါနီးမှာ အပေါ့ အငံ မြည်းပီး ဟင်းခတ်မှုန့်လေး အနည်းငယ်လောက် ဖြူးပေးပီး နံနံပင်လေး အုပ်ပေးလိုက်ပါ။ ငါးကို ထပ်မမွှေပါနှင့်။


ငါးပြေမ ဆီပြန်ဟင်း ... ဆီပြန်လာခါနီးမှာ နံနံပင် အုပ်နေတာ






ကန်စွန်းရွက်


ဒီကန်စွန်းက ကြော်စားတာပါ။ တရုတ်ကန်စွန်းလောက်တော့ မကောင်းဘူးပေါ့။ ကန်စွန်းရွှက်လေးတွေကို ခြွေ၊ ရိုးတံကို လက်ကလေးနဲ့ ဆိတ်ပီးခြွေ။ ပီးရင် မှိုကို ရေဆေးပီး လေး စိတ်သို့မဟုတ် ၂ စိတ်လောက် လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်လို့ သော်လည်းကောင်း ငရုတ်ကျည်ပွေ့ဖြင့် ထုထောင်းပီး အခွံခွာလည်း ရပါတယ်။

ကြော်မယ့် အိုးထဲမှာ ဆီ ၃ ဇွန်းလောက်ထည့်။ ကြက်သွန်ဖြူ ထည့် ဆီသတ်။ မှိုထည့်၊ ရေလေး အနည်းငယ်လောက်ဖြင့် မှိုနူးလာတဲ့အထိ ကြော်ပီးတဲ့အခါမှာ ကန်စွန်းရိုးများကိုထည့် ၊ ငရုတ်သီးစိမ်း ၆ တောင့်လောက်ထည့်။ ဆား tea spoon 1/2 ဟင်းခတ်မှုန့် tea spoon 1/2 ထည့်၊ ရေ လေး အနည်းငယ်လောက်ပဲ ထပ်ထည့်ပါ။ ဆီ အနည်းငယ်ပြန်လာခါနီးမှ ကန်စွန်းရွှက်များထည့်မွှေပီး ဂတ်စ်မီးပိတ်ထားလိုက်ပါ။ ကြော်ထားသော အပူငွေ့များနှင့် ကန်စွန်းရွှက်များ နူးအိသွားပါလိမ့်မည်။


မှို၊ ကန်စွန်းရွှက်ကြော်


ကန်စွန်းရွှက် (ချဉ်ရည်ဟင်း ချက်ဖို့အတွက်)



ကန်စွန်းရွက်ချဉ်ရည်ဟင်း





[caption id="attachment_6027" align="aligncenter" width="600" caption="တို့စရာ သခွါးသီးသေး ကျွတ်ကျွတ်လေး နဲ့ စိုင်သီး (သရက်သီး)"][/caption]

ငါးကြော်၊ ကင်ပွန်းချဉ်ရည်

သရက်သီးစိတ်


ထမင်းတလုပ်ကို တို့စရာ သရက်သီး စိတ်လေးတွေ တစိတ်စီ မြုပ်စားချင်လို့ သရက်သီးကို အသေးလေးပဲ စိတ်ပီး ဆားလေး နည်းနည်းထည့်ပီး ရေစိမ်ထားလိုက်တယ်။

ငါးကြော်


ငါးကို ဓါးလေးနဲ့ မွှမ်းပီး ဆား၊ ဆနွင်း၊ အသားမှုန့် နှယ်ပီး ကြော်ထားတဲ့ ငါးကြော်၊ အမြီးပိုင်းကို ကျွတ်နေအောင် ကြော်ထားပီး။ ကြက်သွန်ကြော် ပါ ထည့်လိုက်တယ်။ ငါးကြော်က နည်းနေတာနဲ့။ အချိုပန်းကန် သပ်သပ် အစပ်ကြော် သပ်သပ် ခွဲကြော်လို့ မရတာမို့ အစပ်အတွက် ငရုတ်သီး အကြမ်းမှုန့် ထပ်မကြော်တော့ပဲ။ ငရုတ်သီး သုပ်စားလိုက်တယ်။

ငရုတ်သီး အကြမ်းကြော်သုပ်


ငရုတ်သီး အကြမ်းမှုန့်ကို ကြော်၊ ကြက်သွန်နီ ပါးပါးလှီးတာထည့်၊ ငရုတ်သီးစိမ်းကို ကတ်ကျေးလေးနဲ့ ပါးပါးညှပ်၊ ဆားလေး သံပုရာသီးလေး နည်းနည်းညစ်ပီး သုပ်ထားတဲ့ ငရုတ်သီးသုပ်

ကင်းပွန်းချဉ်ဟင်းရည်


ကင်းပွန်းချဉ်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်မှုန့် နဲ့ ဆီနည်းနည်းလေး ထည့်ပီး ဆီသပ်ပီးတဲ့အခါမှာ ရေမထည့်သေးခင် စိမ်းစားငပိ ဖျော်ရည် နည်းနည်းထည့်၊ ရေကို ဟင်းရည်သောက် ပန်းကန်လုံး ၂ လုံးစာ ထည့်ပီးချက်ထားတာ။ ပွက်ပွက်ဆူလာမှ ဟင်းခတ်မှုန့် ထည့်တယ်။ နံနံပင်လေး အုပ်လိုက်ပီး ဟင်းရည်အိုး ချထားလိုက်တယ်။

သမီး အင်တာနက် ပိတ်ပီး ထမင်းလာစား၊ သားသား တီဗီ ကြည့်တာ ခဏရပ် ထမင်းစားမယ်။


သမီး အင်တာနက် ပိတ်ပီး ထမင်းလာစား၊ သားသား တီဗီ ကြည့်တာ ခဏရပ် ထမင်းစားမယ်။

ထမင်းပွဲ


သားသားနဲ့ သမီးကတော့ ပုစွန်ထုပ် အသားတုကြော်ချက်ကို tomato sauce နဲ့ တို့စားလိုက်၊ ကင်းပွန်းချဉ်ရည် ဆမ်းပီး ...  နွှင်ပေးထားတဲ့ ငါးကြော် နဲ့ စားပီး ထမင်းမြိန်နေကြတာလေ။

ကိုယ်ကတော့ ထမင်းတ၀က်လောက်ကို ငရုတ်သီးသုပ် နဲ့ နှယ်စားပီး သရက်သီးစိတ်လေး၊ ငါးကြော်လေး မြုပ်ပီး စားတယ်။ ပီးမှ ထမင်းကို ကင်းပွန်းချဉ်ရည် ဆမ်းပီး ငါးကြော်လေး နဲ့ စားသောက်ရတာကို နှစ်သက်တယ်။

ဒီမြေ ဒီရေ မှာ မွေးကတည်းက နေလာလို့ပဲလား မသိဘူး။ အဲလိုမျိုးလေး စားသောက်နေရပါမှ နေလို့ ထိုင်လို့ ကောင်းတယ်။ နေ့စဉ်စားသောက်တဲ့အထဲမှာ ခရမ်းချဉ်သီး နဲ့ ချက်ထားတာဖြစ်ဖြစ်၊ ချည်ရည်ဟင်းလေးပါမှ ဝမ်းကောင်းပီး .... လူက နေလို့ ထိုင်လို့ ကောင်းပီး လန်းဆန်းတာလေ။
Related Posts Plugin for WordPress, Blogger...