Thursday, March 10, 2011

ရှမ်းခေါက်ဆွဲ (ဆန်စီးခေါက်ဆွဲ)

ဝမ်းဘဲ (ဆန်စီးခေါက်ဆွဲခြောက်)


ရှမ်းခေါက်ဆွဲ အိမ်မှာ ချက်စားချင်လို့ အင်တာနက်ကနေ ရှာလိုက်တာ။ အမျိုးမျိုးသော ချက်ပြုတ်နည်းတွေ ရှာဖွေ တွေ့ရှိပေမယ့်လို့ ဒီ ဘလော့က http://mogaungthu.blogspot.com/2008/10/blog-post_06.html ရှမ်းခေါက်ဆွဲ ချက်နည်းက ကိုယ့်အတွက် ပို အဆင်ပြေတာနဲ့ အဲဒီ အတိုင်း လိုက်ပီး ချက်ကြည့်တာ တော်တော် အဆင်ပြေ စားကောင်းသွားတယ်။ Thanks for share, Ma Mo Gaung Thu.

ဝမ်းဘဲ တံဆိပ် ( ဆန်စီး ခေါက်ဆွဲခြောက်)


ဝမ်းဘဲ တံဆိပ် ဆန်စီး ခေါက်ဆွဲ ကို ရေစိမ်ထားတာ။ 


  • ၀မ်းဘဲတံဆိပ် ဆန်စီး ခေါက်ဆွဲခြောက်ကို တစ်နာရီ ကြာ ရေစိမ်ထားပါ။

မပြုတ်ခင် ရေစိမ်ထားသော ဆန်စီး ခေါက်ဆွဲ ( ရှမ်းခေါက်ဆွဲ)


ကြက်သားဟင်း ခရမ်းချဉ်သီး အနှစ် နဲ့

  • ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပီး ဆား၊ ဆနွင်းမှုန့် တို့ နဲ့ နယ်ပီး ခဏ နှပ်ထားတဲ့ အချိန်မှာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၊ ငရုတ်သီး အစိမ်းမှုန့်ပါ ရောထောင်းထားပီးနောက် ခရမ်းချဉ်သီး များကို ပါးပါးလေးလှီးထားပါ။ ချက်မယ့် အိုးထဲ ဆီထည့်ပီး ဆီပူလာပီ ဆိုတာနဲ့ ထောင်းထားသော အစာများထည့် ခရမ်းချဉ်သီးထည့် ခရမ်းချဉ်သီးများ လိပ်တက်လာပီ ဆိုရင် ဇွန်းနဲ့ ခြေပီး နှပ်ထားသော ကြက်သားတုံးသေးသေးလေးများထည့်ပါ။ ရေ အနည်းငယ်မျှ ထည့်ပီး ဆီပြန်လာတဲ့ အထိ ချက်ပါ။

  • ကြက်သွန်ဖြူ ဆီချက်

  • ကြက်သွန်ဖြူကို ပါးပါးလေး လှီးပီး ဆီအိုးတည်။ ဆီပူလာပီ ဆိုတာနဲ့ ကြက်သွန်ဖြူထည့် ဆနွင်းမှုန့် (သို့မဟုတ်) စောကော်မှုန့် ထည့်ပီး ကြော်ပါ။

  • မြေပဲထောင်း

  • မြေပဲကို ထောင်းထားပါ။

  • ပဲပင်ပေါက်ကို ရေနွေး ပွက်ပွက်ဆူ အိုးထဲ ခဏထည့်ပီး ဆယ်လိုက်ပါ။ ပဲပင်ပေါက် ရေနွေးဖျော်ရုံလောက်ပါဘဲ။


  • ပဲပင်ပေါက်များကို ရေဆေးပီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ခဏထည့်ပီး  ဆယ်ထားလိုက်ပါ။

ကော်ရည် 


  • ပန်းကန်လုံးထဲ ကော်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း လောက်ထည့်ပီး ရေအေးအေးနဲ့ ဖျော်လိုက်ပါ။ ပီးရင် မီးဖိုပေါ် တင်ပီး မီးအေးအေး နဲ့ အဆက်မပြတ် မွှေပေးလိုက်တဲ့ အခါ ကော်မှုန့် အရောင် အဖြူ ရောင် ပြစ်ပြစ်ကနေ အရောင်လေး ကြည်လာပီး နည်းနည်းလည်း ကျဲသွားပါလိမ့်မယ်။

ကြက်သွန်မြိတ်


  • ကြက်သွန်မြိတ်များကို ပါးပါး လှီးထားပါ။
ဆန်စီး ခေါက်ဆွဲပြုတ်


  • ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ရေစိမ်ထားသော ဆန်စီး ခေါက်ဆွဲများ ထည့်ပီး ၂ မိနစ် ၃ မိနစ်လောက်ဆို စားလို့ ရတဲ့ အနေအထားလောက် ရပါပီ။ ဆယ်ပီး ရေအေးမှာ ခဏလောက် စိမ်ပီးမှ ဇကာထဲ ထည့်ပီး ရေစစ်ထားလိုက်ပါ။

  • ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲ သုပ်ဖို့  သုံးနေကျဇွန်းကတော့ ကော်ဖီ ဖျော်တဲ့ ဇွန်းအသေးလေးပါ။ အတိအကျ ဆိုရင် လက်ဘက်ရည် ဇွန်းတ၀က် လို့ ခေါ်တတ်ကြတယ်။

ပထမဦးဆုံး ရေစိမ် ခေါက်ဆွဲ ပြုတ်များကို တစ်ယောက်စာ ပန်းကန်ပြားပေါ်ထည့်ပါ။

  1. မြေပဲထောင်း ၃ ဇွန်း
  2. ကြက်သားအနှစ် ၃ ဇွန်း
  3. ဆီချက် ၃ ဇွန်း
  4. ကော်ရည် ၃ ဇွန်း
  5. ကြက်သွန်မြိတ်၊ ပဲပင်ပေါက် ထည့်ပီးနောက်
  6. ပဲငံပြာရည် အနည်းငယ် ထည့်ပီး သုပ်စားရင် တော်တော်လေးကို အရသာ ရှိတဲ့ ရှမ်းခေါက်ဆွဲပါ။


တွဲဖက်စားသုံးတာတွေက ၀က်ခေါက်ကြော်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်၊ ရှမ်းမုန်ညင်းချဉ်၊ ရေနွေးကြမ်း။

ဝက်ခေါက်ကြော်



0 comments:

Related Posts Plugin for WordPress, Blogger...