Thursday, March 10, 2011

ငါးကြော်၊ ကင်ပွန်းချဉ်ရည်

သရက်သီးစိတ်


ထမင်းတလုပ်ကို တို့စရာ သရက်သီး စိတ်လေးတွေ တစိတ်စီ မြုပ်စားချင်လို့ သရက်သီးကို အသေးလေးပဲ စိတ်ပီး ဆားလေး နည်းနည်းထည့်ပီး ရေစိမ်ထားလိုက်တယ်။

ငါးကြော်


ငါးကို ဓါးလေးနဲ့ မွှမ်းပီး ဆား၊ ဆနွင်း၊ အသားမှုန့် နှယ်ပီး ကြော်ထားတဲ့ ငါးကြော်၊ အမြီးပိုင်းကို ကျွတ်နေအောင် ကြော်ထားပီး။ ကြက်သွန်ကြော် ပါ ထည့်လိုက်တယ်။ ငါးကြော်က နည်းနေတာနဲ့။ အချိုပန်းကန် သပ်သပ် အစပ်ကြော် သပ်သပ် ခွဲကြော်လို့ မရတာမို့ အစပ်အတွက် ငရုတ်သီး အကြမ်းမှုန့် ထပ်မကြော်တော့ပဲ။ ငရုတ်သီး သုပ်စားလိုက်တယ်။

ငရုတ်သီး အကြမ်းကြော်သုပ်


ငရုတ်သီး အကြမ်းမှုန့်ကို ကြော်၊ ကြက်သွန်နီ ပါးပါးလှီးတာထည့်၊ ငရုတ်သီးစိမ်းကို ကတ်ကျေးလေးနဲ့ ပါးပါးညှပ်၊ ဆားလေး သံပုရာသီးလေး နည်းနည်းညစ်ပီး သုပ်ထားတဲ့ ငရုတ်သီးသုပ်

ကင်းပွန်းချဉ်ဟင်းရည်


ကင်းပွန်းချဉ်ကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်မှုန့် နဲ့ ဆီနည်းနည်းလေး ထည့်ပီး ဆီသပ်ပီးတဲ့အခါမှာ ရေမထည့်သေးခင် စိမ်းစားငပိ ဖျော်ရည် နည်းနည်းထည့်၊ ရေကို ဟင်းရည်သောက် ပန်းကန်လုံး ၂ လုံးစာ ထည့်ပီးချက်ထားတာ။ ပွက်ပွက်ဆူလာမှ ဟင်းခတ်မှုန့် ထည့်တယ်။ နံနံပင်လေး အုပ်လိုက်ပီး ဟင်းရည်အိုး ချထားလိုက်တယ်။

သမီး အင်တာနက် ပိတ်ပီး ထမင်းလာစား၊ သားသား တီဗီ ကြည့်တာ ခဏရပ် ထမင်းစားမယ်။


သမီး အင်တာနက် ပိတ်ပီး ထမင်းလာစား၊ သားသား တီဗီ ကြည့်တာ ခဏရပ် ထမင်းစားမယ်။

ထမင်းပွဲ


သားသားနဲ့ သမီးကတော့ ပုစွန်ထုပ် အသားတုကြော်ချက်ကို tomato sauce နဲ့ တို့စားလိုက်၊ ကင်းပွန်းချဉ်ရည် ဆမ်းပီး ...  နွှင်ပေးထားတဲ့ ငါးကြော် နဲ့ စားပီး ထမင်းမြိန်နေကြတာလေ။

ကိုယ်ကတော့ ထမင်းတ၀က်လောက်ကို ငရုတ်သီးသုပ် နဲ့ နှယ်စားပီး သရက်သီးစိတ်လေး၊ ငါးကြော်လေး မြုပ်ပီး စားတယ်။ ပီးမှ ထမင်းကို ကင်းပွန်းချဉ်ရည် ဆမ်းပီး ငါးကြော်လေး နဲ့ စားသောက်ရတာကို နှစ်သက်တယ်။

ဒီမြေ ဒီရေ မှာ မွေးကတည်းက နေလာလို့ပဲလား မသိဘူး။ အဲလိုမျိုးလေး စားသောက်နေရပါမှ နေလို့ ထိုင်လို့ ကောင်းတယ်။ နေ့စဉ်စားသောက်တဲ့အထဲမှာ ခရမ်းချဉ်သီး နဲ့ ချက်ထားတာဖြစ်ဖြစ်၊ ချည်ရည်ဟင်းလေးပါမှ ဝမ်းကောင်းပီး .... လူက နေလို့ ထိုင်လို့ ကောင်းပီး လန်းဆန်းတာလေ။

0 comments:

Related Posts Plugin for WordPress, Blogger...