Saturday, January 19, 2013

ထိုးမုန့်၊ ကရေကရာ၊ လမုန့်



မလိုင်သီးစုံ ထိုးမုန့်






မလိုင် ကရေကရာ





လှကလေးစိန် လမုန့်



မန်းတလေး လမုန့်



ကြံတိုင်းအောင် ခုနှစ်လွှာ ပေါက်စီ (တစ်လုံး = 400 ကျပ်)





ငရုတ်ဆီက အမှတ်တရ ပါ။ မစားပါဘူး။



ဝက်အူမသုပ် (၀ယ်စားတာပါ။)



ဝက်ချိုချဉ်ကြော် (ဒါလည်း ၀ယ်စားတာ)

မန္တလေး က မုန့်များက အမျိုး ... ရတနာပုံ ဆိုက်ဘာစီးတီးက ပြခန်း ဆင်ပီး အပြန်မှာ ၀ယ်လာပေးတဲ့ မန္တလေး အပြန်လက်ဆောင်မုန့်တွေပါ။

ကြက်သား၊ မှို၊ ပြောင်းဖူး ခရုဆီကြော် နှင့် နွားနို့ခဲဟင်း


Stewed Chicken, corn, mushroom, black mushroom with oyster sauce

မနေ့က သမီးကြိုက်တဲ့ မှိုဗူးလေး city mart super market မှာ ၀ယ်ပီး သမီး နဲ့ သား ၂ယောက်စလုံး ကြိုက်တဲ့ အသီးအရွက် (ပြောင်းဖူး၊ ကြွက်နားရွက်မှို၊ မှို) ကို အဓိကထားပီး ကြက်သား နဲ့ ရောချက် ။ ပီးတော့ ခရုဆီလေးနဲ့ ရိုးရိုးလေး ကြော်ပေးထားတဲ့ ဟင်း။ နေ့စဉ် စားသောက်တဲ့ ဟင်းအမယ်တွေက ရိုးရိုးဟင်းတွေပါ။ ချက်လေ့ ချက်ထ ရှိတဲ့ ဟင်းအမျိုး အမည်တွေချည်းပါပဲ။ တခါတလေ ခပ်ဆန်းဆန်းလေး ချက်ချင်တာပေါ့နော်။ အဲလို ချက်ဖို့က ဟိုအမယ်လို ဒီ အမယ်လို နဲ့ အဲဒီ အခါ လိုတဲ့ ပစ္စည်းတွေ ပုလင်းတွေ အထုပ်တွေကိုဝယ်။ ရှိတာမှ သားအမိက ၃ ယောက်တည်းရယ်။ တခါ ချက်စားပီးရင် အဲဒီ အထုပ်တွေ ပုလင်းတွေက မီးဖိုချောင်ထဲမှာ သောင်တင်နေရော။ အဲဒါ နဲ့ပဲ နေ့စဉ် စားလေ့ စားထ ရှိတဲ့ ဟင်းမျိုးတွေကို ပဲ။ ချက်စားဖြစ်နေတယ်။ နောက်ပိုင်းကျရင်တော့ ချက်ကြည့်အုံးမယ်။


နွားနို့ခဲဟင်း

နွားနို့ခဲဟင်းကတော့ အကြိုက်ဆုံး ဟင်းတမျိုးပဲ။ ဒီတခါ နွားနို့ခဲ တွေကို သိပ် အကျွပ်ကြီး မကြော်ဘူး။ ရွှေရောင်သန်းတဲ့ အထိ မကြော်တာကို ပြောတာပါ။ ရွှေရောင်သန်းနေပီ ဆိုရင် ကြော်ရင်း တန်းလန်းနဲ့ ပါးစပ်ထဲကို ၄ ၊ ငါး ၊ ခြောက်တုံးလောက်က ၀င်သွားတော့ နွားနို့ခဲ ဆီပြန်ဟင်းက ဟင်းနည်းသွားရောလေ။ အဲဒါကြောင့်မို့လို့ ဒီတခါ နွားနို့ခဲ ကို အရင်ကြော်တဲ့အခါ သိပ် အကျွပ်ကြီး မဟုတ်ဘူး။ ပီးတော့မှ အဆာပလာစာ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးနှစ်၊ ခရမ်းချဉ်သီး) ဆီသပ်၊ ဆနွင်းမှုန့်လေး နည်းနည်းထည့်၊ စောပိုင်းက ကြော်ထားတဲ့ နွားနို့ခဲလေးထည့်ပီး ခပ်ဖွဖွလေး မွှေလိုက်တယ်။ အဆာတွေ နဲ့ နွားနို့ခဲလေး ရောသွားပီ ဆိုရင် ရေလေး နည်းနည်းထည့်လိုက်တယ်။ နွားနို့ခဲထဲကို အစာတွေ နစ်သွားတဲ့ အရသာကို ပိုပီး သိသာစေဖို့ ပန်းငရုတ်ပွ နဲ့ အုပ်ချင်တာကို ရွှေမြန်မာပြည်က လမ်းဘေး ဟင်းသီးဟင်းရွက်ဆိုင်က ဈေးကြီးလို့တဲ့ သူ့ဆိုင်မှာ ပန်းငရုတ်ပွကို တင်ပီး မရောင်းဘူး။ ဒါနဲ့ သူ့ဆိုင်မှာ ရှိတဲ့ ငရုတ်သီးတောင့် ရှည်ကိုပဲ ငရုတ်နံ သင်းသင်းလေး ဖြစ်အောင်လို့ ငရုတ်သီး အတောင့်လိုက်ကို အုပ်ချပလိုက်တယ်။ ပန်းငရုတ်ပွ ပု ကို ပိုကြိုက်တယ်။ နွားနို့ခဲဟင်းဆို အဲဒီ ပန်းငရုတ်ပွ နဲ့ ချက်ရမှ၊ အမဲသား ဆီပြန် ကို ဆိတ်သားခြောက်ဟင်း ပုံစံမျိုး အရသာမျိုး ထွက်အောင်လည်း အဲဒီ ပန်းငရုတ်ပွနဲ့ ချက်ရမှ ကြိုက်တာ။ ငယ်ငယ်တုန်းက ဆိတ်သားခြောက်ကို မီးဖုတ်ပီးသား ဆိတ်သားခြောက်ကို ဆီလေးနဲ့ စိမ်ထားတာ ကြောင်အိမ်မှာ တွေ့လို့ကတော့ ခဏ ခဏ သွားနှိုက်စားတာလေ။ နောက်တမျိုး ဆိတ်သားခြောက်ကို ချက်ပုံချက်နည်းကြိုက်တာက။ ဆိတ်သားခြောက်ဆီပြန်ဟင်း၊ ပန်းငရုတ်ပွ အုပ်ထားတဲ့ ဆိတ်သားခြောက်ဆီပြန်ဟင်းပေါ့။ တခါတလေ အဲဒီ အရသာမျိုး လိုချင်လို့။ အမဲသားကို အတုံး သေးသေးလေးတွေတုံး၊ အဆာပလာစာတွေ နဲ့ နယ်ပီးတဲ့ အခါမှာ ခရမ်းချဉ်သီး နိုင်နိုင်နဲ့ တစ်ရေလောက်ပဲ ချက်အပီး ပန်းငရုတ်ကို အ၀ိုင်းလေးတွေ လှီးဖြတ်ထားတာထည့် ရေလေး ခပ်စပ်စပ်လေး ပဲ ထည့်လိုက်ပီး ၂ ရေလောက် နဲ့ ချက်ပီးတဲ့ အခါမှာ အမဲသားက အမဲနှပ်လိုမျိုး လုံးဝ နူးအိနေတာမျိုး မဟုတ်ပေမယ့်လို့ စားလို့ ကောင်းတယ်။ ဆိတ်သားခြောက် ဆီပြန်ချက်ထားတဲ့ ဟင်း အရသာလောက်ကို ကောင်းတာလေ။


ပန်းငရုတ်ပွ အမဲသားဟင်း

Related Posts Plugin for WordPress, Blogger...