Friday, April 22, 2016

ခွင့်မပြုနှင့်

စိတ်သဘောထားမမှန်သောသူများကြောင့် အချိန်ကုန်မခံပါနှင့်။
စိတ်သဘောထား သေးသိမ်သောလူတွေဟာ မင်းကို ... စိတ်ဓာတ်ညိုးငယ်သွားအောင်၊ မင်းကို အပြစ်မရှိ အပြစ်ရှာပီး ( မင်းကိုမင်း အပြစ်ရှိသူလို့ ထင်လာအောင် ... မလုံမလဲစိတ် ဖြစ်ပေါ်ပြီး ... မင်းရဲ့စိတ်ကို သိမ်ငယ်သွားအောင် သူတို့တွေဟာ မင်းကို အပြစ်တင် စွတ်ဆွဲ ပြောဆိုတတ်ကြတယ်။ )
အဲဒီလူတွေ Negative attitude ( စိတ်ကောင်းမရှိသူ - စိတ်သဘောထား သေးသိမ် ညံ့ဖျင်းသူများကို ) မဖျော်ဖြေပါနှင့်။ သူတို့ အသုံးချခံ မဖြစ်ပါစေနှင့်။ 

စိတ်သဘောထားသေးသိမ် ညံ့ဖျင်းသူများကြောင့် မင်းဟာ စိတ်အနှောင့်အယှက်ဖြစ်ပီး  မင်းရဲ့ ပျော်ရွှင်မှုတွေကို သူတို့ ခိုးယူသွားတတ်တယ်။

**** ပျော်ရွှင်မှု့တိုင်းကို ခံစားပျော်ရွှင်နိုင်ပါစေ ...

ဒီ Quote  ဟာ အခုလက်တလော .. ကိုယ့်ရဲ့ ရင်းနှီးသူများ ဖြစ်ပေါ်နေသော - စိတ်ခံစားချက်ကို အားပေးစကားပြောတာပါ။

Don’t waste your time with negative people.Small-minded people are always belittling you, or finding fault.Don’t entertain Negative people. Pray for them!Don’t allow Small-Minded People to Steal Your Joy!



Saturday, April 9, 2016

မနက်စာ ကောက်ညှင်းပေါင်း

မနက်စာကို လက်ဘက်ရည် နှင့်အတူ ကောက်ညှင်းပေါင်းလေး တွဲစားချင်တာနှင့် ကောက်ညှင်းပေါင်း ချက်စားဖြစ်ပါတယ်။ အိမ်မှာရှိနေတဲ့ အမဲသားကျော် နှင့်အတူ၊ ပဲပြုတ်၊ နှမ်းလှော်ထောင်း တို့ကို မနက်စာ တွဲစားဖြစ်ပါတယ်။ 
















အခုရက်ပိုင်း အကျင့် တစ်ခုလိုဖြစ်နေသော မနက်စာ စားရင်း Facebook ဆိုတဲ့ မျက်နှာစာအုပ် ဖတ်နေမိပါတယ်။

မနက်စာ စားရင်း နားထောင်မိသော သီချင်း နှင့် ဖတ်မိသော ပိုစ့်ပါ -


* မဏ္ဌပ်များ အကြောင်း * ကျွန်တော်သူငယ်ချင်းတွေပြောတာရော ကိုယ်တိုင်လည်းကြုံရလို့ မနေကရေး ဒီနေ့ရိုက်ဒီနေ့တင်လိုက်သည်။ဆဲရင်တော့လည်း ခံရမယ် Share ရင်တော့လည်းပျော်ရမယ်။ ဆဲ ဆဲ Share Share . အားလုံး Peace . .
Posted by Kyaw Phone Aung on Friday, April 8, 2016

"ကိုယ့်လောက ကို ချစ်တယ်"ဆိုတာ ချီးကျူးတဲ့အခါ ပျော်သလို ,,အမှန်တရားကို ဝေဖန်ထောက်ပြရင် လက်ခံနိုင်ရမှာဖြစ်ပြီးအရှိကိုအ...
Posted by Chit Thu Wai on Monday, April 4, 2016

Friday, April 8, 2016

ဘုရားစင်

ကိုယ် ဒီရက်ပိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာ၊ ဘေးပရောဂ အတိုက်အခိုက်တွေကြောင့် စိတ်ညစ်ညူးစရာ ရှိခဲ့ပေမယ့် ဒီဂါထာ ကို အနက်အဓိပါယ်အပါ စိတ်အာရုံမှတ်ပီး ရိုရိုသေသေ မခြားမလပ် ... တချိန်လုံး ရွတ်နေခဲ့ပါတယ်။ ချက်ချင်းကို အကျိုးပေးတာပါ။ ( ပြုခဲ့ဖူးသော အကုသိုလ်ကံတွေ အကျိုးပေး လျှော့ နည်းနိုင်တမျှ နည်းပီး ပြုခဲ့ဖူးသော ကောင်းမှု ကုသိုလ်ကံတွေ အကျိုးပေးလာစေဖို့ .... ဘဝ ကံဇာတာ တက်လာစေဖို့ .. အနှောင့်အယှက် ကင်းစေဖို့ .... အရံအတား အနေနှင့် ကာကွယ်စောင့်ရှောက်ပေးဖို့ ယုံယုံကြည်ကြည် အားကိုးအားထားပီး ရွတ်နေခဲ့သော ဂါထာပါ။ )



စိန္တာမဏိဂါထာပါဠိ
=============


စိန္တာမဏိ ရတနာတိ၊ ဗုဒ္ဓံ ဗုဒ္ဓ ရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရ တနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။

စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။ 
ကရံ ကရတိ သရဏံ၊ခိပ္ပမေဝ သမိဇ္ဈတု။





 စိန္တာမဏိဂါထာ မန္တန်တော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

စိန္တာမဏိဂါထာ မန္တန်တော် ဖြစ်စဉ်

အလိုရှိတိုင်း၊ တောင့်တတိုင်း ပြည့်စုံစေတတ်သော ဟိန္တာမဏိဂါထာ မန္တန်တော်ကြီး ဖြစ်ပေါ်လာပုံ မှာ -

မြင်းမိုရ်တောင်၏ မြောက်မျက်နှာကို အစိုးရသော ဝေဿ၀ဏ္ဏ(ကုဝေရ)နတ်မင်းကြီး၏ ထံပါး၌ သုံးနှစ် တိုင်တိုင် အလုပ်ကကျွေး ပြုစုခဲ့သော “စန္ဒာမုခိ” ဘီလူးမသည် နတ်မင်းကြီး၏ ဆုတော် လာဘ်တော် အဖြစ် အနံငါးယူဇနာ အလျား ယူဇနာ ၃၀-ရှိသော တောအုပ်ကို အပိုင်စားရသော တောစိုး နတ်ဘီလူးမ အဖြစ် စံမြန်းနေပေသည်။

ထို တောအုပ်ကို အပိုင်စားရသူ ပီပီ တောအုပ်အတွင်း ဖြတ်သန်းလာသူ လူသား အားလုံးတို့အား ဖမ်းဆီး သတ်ဖြတ် စားသောက်နေလေသည်။

တစ်နေ့တွင် ဗာရာဏသီပြည်မှ ပုဏ္ဏား လုလင်ပျို တစ်ယောက်သည် ကုန်သည်ဘာဝ နွားလှည်းများဖြင့် တပည့်အပေါင်း ခြံရံကာ ထို တောအုပ်ကို ဖြတ်သန်းမိလေရာ ဘီလူးမ၏ ဖမ်းဆီးခြင်ကို ခံရလေတော့သည်။

ယခင် ဖမ်းဆီးမိသူများကို သတ်ဖြတ် စားသောက်လေ့ရှိသော်လည်း ယခု ဖမ်းမိသူ ပုဏ္ဏားငယ်မှာ ချောမော လှပသော လူပျို လူရွယ် ချစ်စဖွယ် ဖြစ်နေသဖြင့် မသတ်ရက်၊ မစားရက်တော့ဘဲ လင်မယား အဖြစ် ပေါင်းသင်း နေထိုင်ကာ တခြားတစ်ပါးသို့ ထွက်မပြေးနိုင်အောင် ကျောက်ဂူအတွင်းမှာ အလုံး ပိတ်ထားလျက် နေ့စဉ် သစ်သီးဝလံများ ရှာဖွေကျွေးမွေးထားလေသည်။

ဘီလူးမနှင့် ပုဏ္ဏား နှစ်ဦး ညား၍ သားကလေးတစ်ယောက် ဖွားမြင်ပြီး ၁၆-နှစ်မြောက် အရွယ်ရောက်လာသော အခါ ဖခင်နှင့် မိခင်ရုပ်သွင်ခြားနား မတူငြားသဖြင့် မိခင် အစာရှာသွားခိုက် ဖခင်ကို မေးမြန်းရာ ဖခင်က နှောက်ကြောင်း ဖြစ်ရပ်များ ပြောပြ သိရှိရသဖြင့် မိမိတို့နှင့် အသွင်တူရာ လူ့ရပ် လူ့ရွာသို့ သွားလိုလှသဖြင့် မိခင် မရှိခိုက် တစ်နေ့ မိမိ၏ အားခွင်ဗလနှင့် ကျောက်ဂူ တံခါးကို ဖွင့်၍ ဖခင်ကို ထမ်းပြီး ပြေးလေတော့သည်။

စန္ဒာမုခိ ဘီလူးမ ပြန်လာပြီး ကျောက်ဂူတွင်းမှ သားအဘနှစ်ယောက်ကို မတွေ့သဖြင့် လိုက်ရှာရာ တောတွင်း တစ်နေရာ၌ တွေ့ပြီး ပြန်ခေါ်ထားလေသည်။


တောတွင်းမှာ မပျော်ပိုက်တော့သော သားအဘ နှစ်ယောက်မှာ နောက်မကြာမီ ယခင်ကကဲ့သို့ ထွက်ပြေးပြန်ရာ ဘီလူးမက ပြန်လည် ဖမ်းမိပြန်လေတော့သည်။



နှစ်ကြိမ်တိုင်တိုင် ပြန်လည် အဖမ်းခံရသော သားအဘနှစ်ယောက်မှာ အလွယ်တကူ ထွက်မပြေးဝံ့တောဘဲ ဘီလူးမ ယုံကြည်လောက်သည်ထိ ကိုယ်ရှိန်သတ်၍ နေရလေတော့သည်။



တစ်နေ့တွင် သားဖြစ်သူက မိခင်ဖြစ်သူအား မျက်နှာချိုသွေးပြီး ပိုင်နက်အကျယ်အ၀န်းကိုမေးကာ နယ်စပ် နေရာဒေသများကို လိုက်လံကြည့်ရူ မှတ်သားထားလေသည်။


သို့နှင့် အခွင့်အရေး ရသော တစ်နေ့တွင် ဖခင်ကိုထမ်းကာ မိခင်၏ ပိုင်နက်နယ်စပ် လွတ်လေရာ အနီးဆုံး စခန်းသို့ လှမ်းပြေးကြတော့သည်။

သားအဘနှစ်ယောက် အတွက် သစ်သီးဝလံ ရှာဖွေ၍ ပြန်လာသော စန္ဒာမုခိ ဘီလူးမမှာ ကျောက်ဂူတွင်းမှ သားနှင့် လင်ကို မတွေ့သဖြင့် ပူပင်သောက ကြီးစွာ ပိုင်နက်အတွင်း လိုက်လံရှာဖွေရာ မိမိပိုင်နက်မှ လွတ်ရာ မြစ်လယ်ကောင်သို့ ရောက်နေသော သားအဘနှစ်ယောက်ကို တွေ့သဖြင့် ငိုယိုတမ်းတကာ အမြန် ပြန်လာရန် တောင်းပန်ခေါ်ငင်လေတော့သည်။

မိခင် ပိုက်နက်မှ လွတ်မြောက် နေကြောင်း သိနေသော သားက “ပြန်မလာနိုင်တော့ကြောင်း၊ အမျိုးဇာတိ တူရာ လူသားတို့ နေထိုင်ရာ လူ့ရပ် လူ့ရွာသို့ သွားခွင့်ပြုပါတော့” ဟု ပြန်လည် ပြောကြားလေတော့သည်။

ခေါ်မရသည့်အဆုံး မိခင် ဘီလူးမကြီးက “ လူ့ရပ် လူ့ရွာမှာ ဘာပညာမှ ငါ့သားမတတ်ယင် ငတ်မွတ် ဆင်းရဲခြင်းဒုက္ခ ကြုံလိမ့်မည်၊ ဒီတော့ - ခိုးသူ ခြေရာရှာပြီး ဥစ္စာကို ဖော်ပေးနိုင်တဲ့ စိန္တာမဏိ ဂါထာ တော်ကို ငါ့သား သင်ယူသွားပေတော့” ဟု မျက်ရည်လည်ရွဲနှင့် ပူပွဲကြီးဆင်ကာ စိန္တာမဏိ ဂါထာ တော်မြတ်ကို မြစ်ကမ်းပေါ်မှ သင်ပေးလေတော့သည်။

မြစ်လယ်မှ လက်အုပ်ချီ၍ စိန္တာမဏိ ဂါထာ သင်ယူနေသော သားသည်ဂါထာရသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် လဲကျသွားသော မိခင်ကြီးကို ပြေးထူရာ ရင်ကွဲနာကျ ဘ၀ပြောင်းသွားသည် ကို တွေ့ရလေ တော့သည်။

သားအဘ နှစ်ယောက်မှာ သောကမကင်း တောတွင်းမှာပင် ဘီလူးမအလောင်းကို တောပန်း တောင်ပန်းများ ဖုံးအုပ် သင်္ဂြိုလ်ခဲ့ပြီး ဗာရာဏသီပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

ဗာရာဏသီပြည်တွင် သူခိုး ခြေရာခံ၍ စိန္တာမဏိ မန္တန်တော်တို့ ရွတ်ဆို၍ ဥစ္စာပစ္စည်းများကို ရှာဖွေ ပေးနိုင်သဖြင့် “ပဒကုသလ” ဟု အမည်တွင်လျက် ပညာရှင် သူကြွယ် ဖြစ်ခဲ့သည်ကစ၍ စိန္တာမဏိ ဂါထာတော်ဟု ဖြစ်ပေါ် ရွတ်ဆို ပွားများခဲ့ကြပါသတည်း။




ဒီရက်ပိုင်း ကံကောင်းလို့။ စိတ်ထဲမှာ လေးပီး ကြိုတင်သိနေသလိုမျိုး .... common sence ရနေသလိုမျိုး ... ကိုယ်စောင့်နတ်က သတိပေးနေသလိုမျိုး မို့ ကိုယ် ကိစ တစ်ခု ကို လက်ရှောင်လိုက်ပါတယ်။ အမလေး ... ကံသီလို့ ... ကံကောင်းလို့ပေါ့ .... အခု ရက်ပိုင်း ... အားတဲ့ အချိန်ဘဲ ဖြစ်ဖြစ်၊ ထမင်းဟင်းချက်နေတုန်းဘဲ ဖြစ်ဖြစ်၊ ကလေး ကျောင်းပို့၊ ကျောင်းကြိုဘဲ ဖြစ်ဖြစ်၊ စိတ်ထဲ အားနေရင် အားနေသလို၊ ဒီဂါထာ ကိုဘဲ အာရုံပြုပီး ရွတ်နေတာပါ။ ( ကိုယ့်ကို ကိုယ်စောင့်နတ်တွေ စောင့်ရှောက်ပေးလို့ ကြိုတင်နိမိတ်ပြပေးသလိုမျိုး စောင့်ရှောက်ပေးလို့ ဒီလပိုင်းတွေမှာ ဒီဂါထာဘဲ စိတ်ထဲမှာ အာရုံပြုပီး ရိုရိုသေသေ  သေသေချာချာ ရွတ်ဖြစ်ပါတယ်။ )

Tuesday, March 5, 2013

အုန်းနို့ခေါက်ဆွဲ


အုန်းနို့ခေါက်ဆွဲ ဟင်းရည်


ခေါက်ဆွဲ

 

ကြက်ဥပြုတ်

 

မုန့်ကြွပ်အကြော်

 

ပဲကြော်

 

ပါးပါးလှီးပီး ရေဆေးထားသော ကြက်သွန်နီ

 

အုန်းနို့ခေါက်ဆွဲ

 

အုန်းနို့ခေါက်ဆွဲ

 

ကလေးများရဲ့ အုန်းနို့ ခေါက်ဆွဲ ပန်းကန်


ကိုယ်ကတော့ အုန်းနို့ ခေါက်ဆွဲ စားရင် ငရုတ်သီးမှုန့် မထည့်ဘူး။ သံပုရာသီးကို များများ ညစ်ပီး စားတယ်။ အဲလို ချဉ် ပီး စိမ့်တဲ့ အရသာလေးကို ကြိုက်လို့။

ကြက်သားအားလူးဟင်း၊ ပဲစောင်းလျားသီးသုပ်၊ သရက်သီးစိမ်း

ကြက်သား အားလူးဟင်း


ဆိတ်သားခြောက် မွှကြော်


ချဉ်ပေါင်ဟင်း


ပဲစောင်းလျားသီးသုပ်



ငပိရည် အစပ်ဖျော်


တို့စရာ (သခွားသီး၊ သရက်သီးစိမ်း)

Saturday, January 19, 2013

ထိုးမုန့်၊ ကရေကရာ၊ လမုန့်



မလိုင်သီးစုံ ထိုးမုန့်






မလိုင် ကရေကရာ





လှကလေးစိန် လမုန့်



မန်းတလေး လမုန့်



ကြံတိုင်းအောင် ခုနှစ်လွှာ ပေါက်စီ (တစ်လုံး = 400 ကျပ်)





ငရုတ်ဆီက အမှတ်တရ ပါ။ မစားပါဘူး။



ဝက်အူမသုပ် (၀ယ်စားတာပါ။)



ဝက်ချိုချဉ်ကြော် (ဒါလည်း ၀ယ်စားတာ)

မန္တလေး က မုန့်များက အမျိုး ... ရတနာပုံ ဆိုက်ဘာစီးတီးက ပြခန်း ဆင်ပီး အပြန်မှာ ၀ယ်လာပေးတဲ့ မန္တလေး အပြန်လက်ဆောင်မုန့်တွေပါ။

ကြက်သား၊ မှို၊ ပြောင်းဖူး ခရုဆီကြော် နှင့် နွားနို့ခဲဟင်း


Stewed Chicken, corn, mushroom, black mushroom with oyster sauce

မနေ့က သမီးကြိုက်တဲ့ မှိုဗူးလေး city mart super market မှာ ၀ယ်ပီး သမီး နဲ့ သား ၂ယောက်စလုံး ကြိုက်တဲ့ အသီးအရွက် (ပြောင်းဖူး၊ ကြွက်နားရွက်မှို၊ မှို) ကို အဓိကထားပီး ကြက်သား နဲ့ ရောချက် ။ ပီးတော့ ခရုဆီလေးနဲ့ ရိုးရိုးလေး ကြော်ပေးထားတဲ့ ဟင်း။ နေ့စဉ် စားသောက်တဲ့ ဟင်းအမယ်တွေက ရိုးရိုးဟင်းတွေပါ။ ချက်လေ့ ချက်ထ ရှိတဲ့ ဟင်းအမျိုး အမည်တွေချည်းပါပဲ။ တခါတလေ ခပ်ဆန်းဆန်းလေး ချက်ချင်တာပေါ့နော်။ အဲလို ချက်ဖို့က ဟိုအမယ်လို ဒီ အမယ်လို နဲ့ အဲဒီ အခါ လိုတဲ့ ပစ္စည်းတွေ ပုလင်းတွေ အထုပ်တွေကိုဝယ်။ ရှိတာမှ သားအမိက ၃ ယောက်တည်းရယ်။ တခါ ချက်စားပီးရင် အဲဒီ အထုပ်တွေ ပုလင်းတွေက မီးဖိုချောင်ထဲမှာ သောင်တင်နေရော။ အဲဒါ နဲ့ပဲ နေ့စဉ် စားလေ့ စားထ ရှိတဲ့ ဟင်းမျိုးတွေကို ပဲ။ ချက်စားဖြစ်နေတယ်။ နောက်ပိုင်းကျရင်တော့ ချက်ကြည့်အုံးမယ်။


နွားနို့ခဲဟင်း

နွားနို့ခဲဟင်းကတော့ အကြိုက်ဆုံး ဟင်းတမျိုးပဲ။ ဒီတခါ နွားနို့ခဲ တွေကို သိပ် အကျွပ်ကြီး မကြော်ဘူး။ ရွှေရောင်သန်းတဲ့ အထိ မကြော်တာကို ပြောတာပါ။ ရွှေရောင်သန်းနေပီ ဆိုရင် ကြော်ရင်း တန်းလန်းနဲ့ ပါးစပ်ထဲကို ၄ ၊ ငါး ၊ ခြောက်တုံးလောက်က ၀င်သွားတော့ နွားနို့ခဲ ဆီပြန်ဟင်းက ဟင်းနည်းသွားရောလေ။ အဲဒါကြောင့်မို့လို့ ဒီတခါ နွားနို့ခဲ ကို အရင်ကြော်တဲ့အခါ သိပ် အကျွပ်ကြီး မဟုတ်ဘူး။ ပီးတော့မှ အဆာပလာစာ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးနှစ်၊ ခရမ်းချဉ်သီး) ဆီသပ်၊ ဆနွင်းမှုန့်လေး နည်းနည်းထည့်၊ စောပိုင်းက ကြော်ထားတဲ့ နွားနို့ခဲလေးထည့်ပီး ခပ်ဖွဖွလေး မွှေလိုက်တယ်။ အဆာတွေ နဲ့ နွားနို့ခဲလေး ရောသွားပီ ဆိုရင် ရေလေး နည်းနည်းထည့်လိုက်တယ်။ နွားနို့ခဲထဲကို အစာတွေ နစ်သွားတဲ့ အရသာကို ပိုပီး သိသာစေဖို့ ပန်းငရုတ်ပွ နဲ့ အုပ်ချင်တာကို ရွှေမြန်မာပြည်က လမ်းဘေး ဟင်းသီးဟင်းရွက်ဆိုင်က ဈေးကြီးလို့တဲ့ သူ့ဆိုင်မှာ ပန်းငရုတ်ပွကို တင်ပီး မရောင်းဘူး။ ဒါနဲ့ သူ့ဆိုင်မှာ ရှိတဲ့ ငရုတ်သီးတောင့် ရှည်ကိုပဲ ငရုတ်နံ သင်းသင်းလေး ဖြစ်အောင်လို့ ငရုတ်သီး အတောင့်လိုက်ကို အုပ်ချပလိုက်တယ်။ ပန်းငရုတ်ပွ ပု ကို ပိုကြိုက်တယ်။ နွားနို့ခဲဟင်းဆို အဲဒီ ပန်းငရုတ်ပွ နဲ့ ချက်ရမှ၊ အမဲသား ဆီပြန် ကို ဆိတ်သားခြောက်ဟင်း ပုံစံမျိုး အရသာမျိုး ထွက်အောင်လည်း အဲဒီ ပန်းငရုတ်ပွနဲ့ ချက်ရမှ ကြိုက်တာ။ ငယ်ငယ်တုန်းက ဆိတ်သားခြောက်ကို မီးဖုတ်ပီးသား ဆိတ်သားခြောက်ကို ဆီလေးနဲ့ စိမ်ထားတာ ကြောင်အိမ်မှာ တွေ့လို့ကတော့ ခဏ ခဏ သွားနှိုက်စားတာလေ။ နောက်တမျိုး ဆိတ်သားခြောက်ကို ချက်ပုံချက်နည်းကြိုက်တာက။ ဆိတ်သားခြောက်ဆီပြန်ဟင်း၊ ပန်းငရုတ်ပွ အုပ်ထားတဲ့ ဆိတ်သားခြောက်ဆီပြန်ဟင်းပေါ့။ တခါတလေ အဲဒီ အရသာမျိုး လိုချင်လို့။ အမဲသားကို အတုံး သေးသေးလေးတွေတုံး၊ အဆာပလာစာတွေ နဲ့ နယ်ပီးတဲ့ အခါမှာ ခရမ်းချဉ်သီး နိုင်နိုင်နဲ့ တစ်ရေလောက်ပဲ ချက်အပီး ပန်းငရုတ်ကို အ၀ိုင်းလေးတွေ လှီးဖြတ်ထားတာထည့် ရေလေး ခပ်စပ်စပ်လေး ပဲ ထည့်လိုက်ပီး ၂ ရေလောက် နဲ့ ချက်ပီးတဲ့ အခါမှာ အမဲသားက အမဲနှပ်လိုမျိုး လုံးဝ နူးအိနေတာမျိုး မဟုတ်ပေမယ့်လို့ စားလို့ ကောင်းတယ်။ ဆိတ်သားခြောက် ဆီပြန်ချက်ထားတဲ့ ဟင်း အရသာလောက်ကို ကောင်းတာလေ။


ပန်းငရုတ်ပွ အမဲသားဟင်း

Thursday, March 10, 2011

ကြေးအိုး



ကြိတ်ထားသော ဝက်သား ၂၀၀ ဂရမ် ကျော်ကျော်




  • ဝက်နံရိုးကို ရေသေချာဆေးပီး .... ဆား၊ သကြား၊ ဟင်းခတ်မှုန့် တို့ နှင့် နယ်ထားလိုက်ပါ။
  • rice cooker ထဲမှာ ဝက်နံရိုးတွေကို ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်းထားတာ ရောထည့်လိုက်ပါ။
  • ရေကို အလော်တော်လောက် ထည့်ပီး ဝက်နံရိုးများကို ပြုတ်ထားလိုက်ပါ။
  • ကြိတ်ထားသော ဝက်သား ကို ဆား၊ ကြက်သားမှုန့်၊ ညက်နေအောင် ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် တို့ နှင့် နယ်ပီး ကော်မှုန့်ကိုတော့ အသားလုံးလို့ ကောင်းတဲ့ အထိ ထည့်ပေးပါ။


ဝက်သားလုံး



ဒီဝက်သားလုံးများကတော့ ၂၀၀ ဂရမ် ဖိုးလောက်။ သမီး နဲ့ မာမီ လုံးထားတာ။

ဝက်အူ


  • ဝက်အူများကို ရေဆေးပီး လှီးထားပါ။


ဝက်လျှာ




  • ဝက်အူ နဲ့ ဝက်လျှာများကို ရေသေချာ ဆေးပီး အနေတော်လေး လှီးထားပီးနောက် ဆား၊ ဟင်းခတ်မှုန့်၊ သကြားတို့ နှင့် နယ်ထားပါ။


ပဲပြား



  • ပဲပြားကို လှီးထားပါ။


ready made ဝက်သားလုံး



ရေစိမ်ထားသော ဆန်ကြာဇံ


  • ဆန်ကြာဇံကို ရေထဲမှာ ၁၅ မိနစ်လောက် ရေစိမ်ထားပေးပါ။


ဘေဘီမုန်ညင်း


ကျုဆိုင်





  • ဘေဘီမုန်ညင်း၊ ကျူဆိုင်ကို လှီးဖြတ်ထားပါ။

  • ငုံးဥကို ပြုတ်ထားပါ။




ကြက်သွန်ဖြူဆီချက်




  • ကြေးအိုး ဆီချက် ပြုလုပ်ဖို့ အတွက် ကြက်သွန်ဖြူ ဆီချက် ကို လုပ်ထားပါ။


  • ဆန်ကြာဇံကို ၁၅ မိနစ်လောက် ရေစိမ်ပီးနောက် ဇကာ နဲ့ ရေစစ်ထားပါ။ (အဲဒါ ထမင်းချက်တဲ့ rice cooker က ဇကာခွက် :)








  • ဝက်နံရိုး ပြုတ်တဲ့အခါမှာ ဝေ့တက်လာသော အဆီများကို ခပ်ထုပ်ပစ်ရပါမည်။ ကိုယ်ကတော့ ခပ်ထုပ်မနေတော့ပါဘူး။
  • ကြေးအိုး ဟင်းရည်ချက်တော့မယ့်အခါမှာ rice cooker ထဲက ဝက်နံရိုး ဟင်းရည်များအား ဇကာစစ်ဖြင့် ဝက်ရိုးပြုတ်ရည်ကြည် စစ်ထုပ်လိုက်ပါသည်။
  • မီးဖိုပေါ်ကို ဝက်ရိုး ပြုတ်ရည်ကြည်များ တင်ထားလိုက်ပီး။ ဆူပွက်လာသော အခါမှ ဝက်အူ၊ ဝက်လျှာ၊ ဝက်သားလုံး၊ ready made ဝက်သားလုံး ထည့်၊
  • အသားများ ကျက်သွားပီ ဆိုတော့မှ ကြာဇံ၊ ပဲပြား၊ ငုံးဥ ထည့်လိုက်ပါ။
  • အရသာ အနေတော်ပဲ ဆိုရင် မီးဖို မီး ပိတ်လိုက်ပီး။ ကျူဆိုင် နှင့် ဘေဘီမုန်ညင်း ထည့်ပါ။




ကြေးအိုး


ကြေးအိုး ဆီချက် ချက်ပုံချက်နည်းက အဲဒီ အစုံရောပြုတ်ထားသော ကြေးအိုးပြုတ် အစာပလာဆာ တွေ အားလုံးကို ဇကာကွက် စိပ်စိပ်လေး ရှိတဲ့ ဇကာ ထဲ ထည့်လိုက်ပါတယ်။ ဇကာအောက်မှာ ဟင်းရည်ခွက်ထားပါတယ်။ ရေကို သေချာ စင်နေအောင် စစ်ထုပ်ပါတယ်။ ပီးမှ ပဲငံပြာရည် အကြည်၊ ကြက်သွန်ဖြူ ဆီချက်တို့ နှင့် ရောနှယ်လိုက်တဲ့အခါ ကြေးအိုး ဆီချက် ချက်ပီး သွားပါပီ။


ဟွန်း .... ဟွန်း .... လွယ်လွယ်လေး နော်။



chilli sauce
Related Posts Plugin for WordPress, Blogger...