Monday, October 19, 2009

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ဟင်းရည်၊ ဟင်းခါး

အသားနိုင်ချင်းနဲ့ ရွှေတောင်ခေါက်ဆွဲလေးပါ။ အုန်းနို့အရည်လေး ဆမ်းပီး စားရင် အုန်းနို့နံ သင်းသင်းလေးနဲ့ စားလို့ ကောင်းလို့။ အုန်းနို့ခေါက်ဆွဲ ကြိုက်သော သမီး Angel ကတော့ အုန်းနို့ခေါက်ဆွဲ အသုတ်တဲ့။ တစ်ပွဲကို ၆၀၀ ကျပ်။


မြီးရှည်

မာမီစားသော မြီးရှည်။ တစ်ပွဲ = ၆၀၀ ကျပ်။


ရှမ်းမုတ်ညင်းချဉ်

ကော်ပြန့်ကြော်

တနင်္ဂနွေနေ့က သမီးကျောင်းမှာ ပန်းချီပြိုင်ပွဲရှိတယ်။ သမီးလေးကို ကျောင်းကြိုရင်း ၀ယ်စားသောမုန့်။ ကော်ပြန့်ကြော် အသေး။ အထဲမှာ ပြောင်းဖူးတွေ ပါတယ်။ စားလို့ ကောင်းတယ်။


အမတွေ ကြော်ကျွေးသော ကော်ပြန့်ကြော်လည်း ကောင်းတယ်။ တရုတ်တန်း ၁၇လမ်းက ကော်ပြန့် ဖက်ရွှက်တွေဝယ်။ အ၀ိုင်းပုံစံ ကော်ပြန့်ဖက်ရွှက်ကို လေးစိတ် ကတ်ကျေးနဲ့ညှပ်၊ (ပိုတဲ့ ဖက်ရွှက်တွေကို နောက်တစ်နေ့ သုံးချင်သေးရင် ဒန်အိုးထဲမှာ ဂေါ်ဖီရွှက်ထည့်ပီး သိမ်းထားလို့ရသေးတယ်။ အဲဒါမှ ကော်ပြန့်ဖက်ရွှက်တွေက မခြောက်သွားမှာ)


ပြုတ်ထားတဲ့ အားလူးကို ချေ။ အားလူး၊ ဆား၊ တရုတ်မဆလာ သမအောင် နယ်ပီး ကော်ပြန့်လိပ်။


တို့စားတဲ့အချဉ်က ကြက်သွန်ဖြူ၊ ထညက်ခဲ၊ ငရုတ်ဆီ။


စားလို့ကောင်းလို့ တစ်ထိုင်တည်းစားရင် အလိပ် ၂၀ ကျော်လောက်က အသာလေးပဲ။


ကိုယ့်ဘာသာ ကိုယ်လား မကြော်စားဖြစ်ပါဘူး။ ၀ယ်စားလိုက်တာပါပဲ။


ငှက်ပျော်ကြော်

ဒါက ဌက်ပျော်ကြော်။ အခုနောက်ပိုင်း ကြော်ရောင်းတဲ့ ဌက်ပျော်ကြော်ပုံစံ။ ကော်ပြန့်ဖက်ရွှက် ထဲမှာ လီးထားသော ဌက်ပျော်သီးခြမ်းများနဲ့ ခေါက်ပီး ကြော်ထားတာ။ စားလို့ ကောင်းပါတယ်။ ငယ်ငယ်တုန်းကလို မုန့်နှစ်နဲ့ ကျော်တဲ့ ဌက်ပျော်ကြော်ဆိုင်တွေလည်း ရှိသလို အဲလိုမျိုး ကြော်ရောင်းသော အကြော်ဆိုင်တွေလည်း ပေါ်လာပါပြီ။


မိသားစုအိမ်မှ အစားသောက်များကို လာသယ်ပီး သုံးဆောင်နိုင်ပါတယ်။


0 comments:

Related Posts Plugin for WordPress, Blogger...