Friday, October 23, 2009

ငါးပိရည်ချို

ခေတ်သစ် ငါးပိရည်ချိုအိုး


အိုး အဖုံးကို ဖွင့်ရင် လောက်သေရွှက်နဲ့ အုပ်ထားတာကို မြင်ရတယ်


လောက်သေရွက်


လောက်သေရွှက်အောက်မှာ ပလတ်စတစ်နဲ့ ထုပ်ထားသော ရေချိုငါးပိ


ငါးပိလိမ္မာချက်


သရက်သီးပိုးတီချဉ်


မန်းကျီးရွှက်နုချဉ်


တညင်းသီးဆားစိမ်


[gallery]


Queen Mommy ရဲ့ သူ လေ။ အွန်လိုင်း အိမ်နီးချင်း Queen Mommy အတွက် ငါးပိလိမ္မာချက်လေးပါ။


City Mart က နေ ခေတ်သစ် တံဆိပ် ရေချိုငါးပိရည်အိုးကို ၀ယ်ပါတယ်။ သန့်လည်း သန့်တယ်။ အထဲမှာ လောက်သေရွှက်ပါတော့ လောက်မပါတဲ့ ရေချိုငါးပိအိုးပါ။


ကြက်သွန်ဖြူ၊ နီ၊ ဆနွင်း ဆီသတ် ... ခရမ်းချဉ်သီး ကြေတဲ့အထိ မွှေပီး ပုဇွန်ခြောက်မှုန့်ထည့်၊ ဆနွင်းမှုန့် မွေးတဲ့အထိ ကျိုထားတဲ့ ရေချို ငါးပိရည်ထည့်၊ မန်းကျီးမှည့်ရည်ထည့်၊ ငရုတ်သီးအကျက်မှုန့် ထည့်ပီး ပွက်ပွက်ဆူလာရင် အချိုမှုန့်နဲ့ နံနံပင် အုပ်ပါတယ်။


ချဉ်ဖတ်တွေ ကြိုက်ရင် စားသွားပါအုံး Queen Mommy။ ဂေါ်ဖီရွှက်ပြုတ်၊ ရုံပတေသီးပြုတ်၊ သခွားသီး ကျွတ်ကျွတ်တို့ ကုန်နေလို့ သရက်သီးပိုးတီချဉ်၊ မန်ကျီးရွှက်နုချဉ်၊ ထညင်းသီးဆားဆိမ် ကျွတ်ကျွတ်လေးနဲ့ တွဲဖက်ပီးတော့ သုံးဆောင်သွားပါ။


မှတ်ချက် ။ ။ (ချက်နည်းရေးတာ ဒီတစ်ခါတည်းပါ။)

0 comments:

Related Posts Plugin for WordPress, Blogger...