Friday, November 13, 2009

Jelly Milk Shape

J - cup Jelly က မနေ့ကတင် Shopping Mall ရှေ့မှာ တွန်းလှည်းဆိုင်လေးနဲ့ Jelly Milk Shape ကို တစ်ဗူး ၃၀၀ ကျပ် နဲ့ ၀ယ်သောက်ပီးကတည်းက သား နဲ့ သမီးက ကြိုက်နေပီလေ။ ဒီနေ့ အဲဒီ ဆိုင်လေး ဘယ်ရောက်သွားမှန်း မသိဘူး။ မရှိတော့ဘူး။

အဲဒါနဲ့ပဲ City Mart မှာ J cup Jelly ဗူး ၀ယ်ပီး သူတို့ ဖျော်သလိုမျိုးလေး အိမ်မှာ ဖျော်ကြည့်တာ သောက်လို့ ကောင်းတယ်။ ကလေးတွေ မပြောနဲ့ မာမီလည်း ကြိုက်သွားတဲ့ Jelly Milk Shape လေးပါ။


Jelly ဗူးကို ဖန်ခွက်ထဲ ထည့်၊ ရေခဲထည့်၊ နို့ဆီထည့် ဇွန်း နဲ့ မွှေ။ သောက်ကြည့်ပါ။ တော်တော်လေးကို သောက်လို့ ကောင်းတဲ့ Jelly Milk Shape ။

အခု ရန်ကုန်မှာ နေ့လည်ဘက်ဆို ပူတယ်။ တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်ကနေ စပီး အေးလာပေမယ့် အခု အပတ်ထဲမှာတော့ နေ့ခင်း နေ့လည်ဆို ပူလွန်းလို့ အအေးပဲ သောက်ချင်နေမိတော့တယ်။

0 comments:

Related Posts Plugin for WordPress, Blogger...