Thursday, March 10, 2011

ကြက်သား ဗူးသီးဟင်း

ကြက်သား ဗူးသီးဟင်း


ကြက်သားကို ခနှောမှုန့်၊ ဆား၊ ဆနွင်းမှုန့် နဲ့ ပထမနယ်ပီးနောက် ငရုတ်သီးအနှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း နဲ့ ထပ်နယ်ပီး မိနစ် အနည်းငယ်လောက် ခဏ နှပ်ထားလိုက်တယ်။

ပီးမှ နှပ်ထားတဲ့ အသားပေါ်ကို ဆီ လောင်းထည့်ပီး rice cooker နဲ့ ချက်လိုက်တယ်။

ရေ အနည်းငယ်ထည့်ပီး

ဗူးသီးနုနုကို အသား နူးခါနီးမှ ထည့်တာ အကောင်းဆုံးပါပဲ။

ဟင်းအိုးကို နောက်တခေါက် လှည့်မကြည့်နိုင်လို့ ရေ မထည့်ခင် rice cooker ထဲမှာ အသားလုံးတဲ့ အထိ မွှေပီးတဲ့နောက် ဗူးသီးထည့် ရေ ကို အနေတော်လောက် ထည့်ပီး ချက်ထားလိုက်တာ။

အရည် စပ်စပ်လေး ရခါနီးလောက်ကို မှန်းပီး ခလုတ်ပိတ်ထားလိုက်တယ်။

ဒီဟင်းကတော့ မြန်မာအခေါ် ကြက်သား ကာလသားချက် လို့လည်း ခေါ်တယ်။

ကောက်ညင်းနှမ်းကပ်

0 comments:

Related Posts Plugin for WordPress, Blogger...